ခပ်ဆန်းဆန်း ဟာသဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။၁၉၆၉ မှာ လကမ္ဘာပေါ်ကို ပထမဆုံးအကြိမ်ခြေချနိုင်ခဲ့တဲ့ လူသားမျိုးနွယ်ရဲ့ သမိုင်းသစ်တစ်ရပ်အတွက်လူတွေအောင်ပွဲခံနေကြပေမယ့်၊မထင်မရှား George Losser ဆိုတဲ့ လူတစ်ယောက်ကတော့ သူ့ရဲ့အရေးမပါဘူးထင်ရတဲ့ တီထွင်မှုအသေးစားလေးကိုရာထူးကြီးပိုင်းတွေနဲ့ ရင်းနှီးပြီး အရေးပါအရာရောက်တဲ့ယောက်ဖဖြစ်သူ ဂျက်ကို ချပြဖို့ကြိုးစားပါတယ်။ဂျက်က အလကားပါလို့သဘောထားတဲ့ပစ္စည်းလေးကို အမှတ်မထင် နီးလ်အမ်းစထရောင်းက စိတ်ဝင်စားသွားတဲ့အခါမှာတော့ ဘယ်လိုပစ္စည်းလေးလဲဆိုတာကြည့်လိုက်ကြပါဦး။