Bodies Bodies Bodies FHD

Bodies Bodies Bodies

Comedy Horror Thriller FHD 2022-08-05 6.5 94 Min

ဟာသ၊ ဟော်ရာ၊ သည်းထိပ်ရင်ဖိုရုပ်ရှင်အသစ်ပါ။ ဇာတ်လမ်းက ရိုးမလိုနဲ့ ဆန်းပါတယ်။ လှည့်ကွက်တွေပါပါတယ်။ ရယ်ရမလို ငိုရမလိုဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရိုးရိုးဟော်ရာကားတွေလိုပါပဲ။ သူဌေးသားသမီး သူငယ်ချင်းတစ်အုပ်စုဟာ လူသူမနီးတဲ့ စံအိမ်ကြီးတစ်ခုထဲမှာ ပါတီလုပ်ကြ ပါတယ်။ သူတို့အားလုံးမှာတော့ ထုံးစံအတိုင်း နောက်ကြောင်းရာဇဝင်ကိုယ်စီနဲ့ပေါ့။ ပါတီလုပ်ကြ ကဲကြရင်းနဲ့ ဆော့နေကျ ဂိမ်းတစ်ခုကို သူတို့ စပြီးကစားကြပါတယ်။ အဲဒီဂိမ်းကတော့ Bodies Bodies Bodies ဆိုတဲ့ဂိမ်းပါပဲ။ မဲနှိုက်ပြီးတော့ မဲပေါက်တဲ့လူက လူသတ်သမားလုပ်ရတယ်။ မီးခဏပိတ်တဲ့အချိန်မှာ တစ်ယောက် ယောက်ရဲ့ ကျောကိုထိလိုက်ရင် အဲဒီလူက သေချင်ယောင်ဆောင်ပေးရတယ်။