Time Line အနေနဲ့ ကတော့ Wano မရောက်ခင်နဲ့ Big Mom ကိုသွားကလိပြီးတဲ့ အချိန်ကြားလို့ယူဆရပေမယ့် Movie ထဲမှာ လုဖီရဲ့ ဆုကြေးက ၁၅ ဘီလီယံ ဖြစ်နေတော့ Wano အပြီးလို့လဲထင်စရာရှိပါတယ် ဒါပေမဲ့ Non-Canon ဖြစ်တဲ့အတွက် Timeline နဲ့မဆိုင်တော့သိပ်တော့ ခေါင်းစားစရာမရှိပါဘူး။ ကာရိုက်တာ Art တွေအရ အခု Anime onging မှာ ရောက်နေတဲ့တစ်ဝိုက်လို့ပဲမှတ်ရပါတယ်။ ဇတ်လမ်း ကတော့ ပင်လယ်ဓားပြတွေအတွက်ကျင်းပတဲ့ ပင်လယ်ဓားပြပွဲတော်ကြီး ကို အမှတ်မရှိအမြဲကမြင်းကြောထချင်နေတဲ့ လူဖီ က ပင်လယ်ဓားပြဘုရင် အသံကြားပြီးတော့ ဖင်တကြွကြွဖြစ်နေတာကြောင့် ရောက်သွားရာကနေ ဖြစ်ခဲ့ရတဲ့ အဖြစ်အပျက်ပါပဲ။ ပင်လယ်ဓားပြပွဲတော်မှာ Gol D Roger ရဲ့ ရတနာတစ်ခုကို ပြိုင်လုတဲ့ပွဲတစ်ခု ပါခဲ့ပြီး ကျင်းပတဲ့သူက ရော်ဂျာခေတ်က ပွဲစီစဉ်သူတစ်ယောက်ပါ။