The Token FHD

The Token

Unknown FHD 2025-01-10 8.3 0 Min

တရုတ်တောင်ပိုင်းဒေသမှာရှိတဲ့ ချစ်စရာကောင်းတဲ့ပုရီးတိုင်းရင်းသူလေးရဲ့အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ဟွားရှန်းရွာလေးဟာ တောင်ပေါ်ဝေးလံခေါင်သီတဲ့နေရာမှာရှိတဲ့အတွက်ဆင်းရဲပြီးခေတ်နောက်ကျပါတယ်။ ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက်တာဝန်ကျတဲ့အတွင်းရေးမှူးနုံကျားဟွေးဟာ အထက်တန်းကျောင်းမှာကတည်းကချစ်ရတဲ့ လော်ဟုန်ဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိခဲ့တယ်ဒါပေမယ့်ချစ်သူရှိတဲ့သူဖြစ်နေတဲ့အတွက် လက်လျှော့ပြီးရွာဖွံ့ဖြိုးရေးကိုပဲအားစိုက်ပြီးလုပ်ခဲ့တယ်။ဆရာဝန်မလေးဖြစ်တဲ့လော်ဟုန်က မြို့ဆေးရုံမှာပဲအလုပ်ကြိုးစားနေပြီးဘဝတိုးတက်မယ့်လမ်းမှာလျှောက်လှမ်းနေခဲ့တယ်။ဆင်းရဲတဲ့ဇာတိရွာလေးမှာ ဆရာဝန်မမြဲပဲကျန်းမာရေးထောက်ပံ့ချက်တွေအားနည်းတာကိုသိရတဲ့အချိန်မှာ ရွာမှာဆရာဝန်ပြန်လုပ်ချင်လာခဲ့တယ်။တစ်ဖက်မှာလူသားဆန်တဲ့စိတ်နဲ့ရွာအတွက်ပြန်လုပ်ပေးချင်တဲ့စိတ်ရှိပြီးတော့တစ်ဖက်မှာတော့အနာဂတ်ကောင်းဘဝရှေ့ရေးကိုစွန့်လွှတ်ရမယ့် ရွေးချယ်စရာတွေရှိလာတယ်။စိတ်ထားကောင်းတဲ့ဆရာဝန်မလေးဟာ နောက်ဆုံးမှာဘယ်လမ်းကိုရွေးချယ်မလဲ……မြို့ကဆရာဝန်ချစ်သူနဲ့ ရွာကအတွင်းရေးမှူးကြားမှာ ဘယ်လိုရွေးချယ်မလဲ ……