Yathabhava FHD

Yathabhava

Unknown FHD 8.3 0 Min

ကာနာတက်ကာပြည်နယ်မှာ မုဒိမ်းမှုတွေတစ်နေ့တစ်မှုဆိုသလို ဖြစ်ပွားနေခဲ့ပါတယ်။အုပ်စုလိုက်ကျင့်တဲ့အမှုတွေလည်းများလာပြီး တရားခံတွေကိုမဖမ်းမိတဲ့အတွက် ပြည်သူတွေ မီဒီယာတွေဘက်ကနေရဲတပ်ဖွဲ့ကို မေးခွန်းထုတ်စရာဖြစ်နေတာပေါ့။ပြည်ထဲရေးဝန်ကြီးကို မီဒီယာတစ်ခုကနေ ဖုန်းဆက်မေးမြန်းတဲ့အခါမှာတော့မိဘတွေပေါ့ဆလို့ဆိုတဲ့အဖြေကြောင့် ဂယက်တွေထသွားခဲ့ပါတယ်။တစ်နေ့ မုဒိမ်းအကျင့်ခံရတဲ့မိန်းကလေးက ပြည်ထဲရေးဝန်ကြီးရဲ့သမီးဖြစ်နေပြီးရဲတပ်ဖွဲ့က တရားခံဆိုပြီးဖမ်းဆီးထားသူက ဥပဒေကျောင်းကစကားမပြောတတ်တဲ့ နောက်ဆုံးနှစ်ကျောင်းသားတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့။အမှန်နဲ့အမှားဆိုတဲ့ အလွှာတစ်ခုကြားက အမှန်လားအမှားလားဆိုတာကို အဖြေရှာဖို့ ခံစားကြည့်ရှုကြပါဦး။