လီလီဆိုတဲ့ စိတ်ရောဂါကုထုံး ဆရာဝန်မလေးတစ်ယောက်ဟာလူနာတစ်ယောက်ကို ကုသပေးရင်း ထူးထူးဆန်းဆန်း အိပ်မက်တွေမက်လာပါတယ်။ သူ့ရဲ့ အတိတ်က ကြောက်စရာအတွေ့အကြုံတစ်ချို့ကိုအိပ်မက်ထဲမှာ မြင်မက်ပြီး သူ့ဘဝမှာ သူသိဖို့ လိုအပ်နေတဲ့လျှို့ဝှက်ချက်တွေ အများကြီး ရှိလာပါတော့တယ်။အဲဒီ အိပ်မက်တွေကို အဖြေရှာဖို့ သူ့အနေနဲ့ ကြိုးစားရင်း သူ့ရဲ့လူနာနဲ့သူ့အကြောင်း အဖြစ်မှန်တွေကို ဘယ်လို ရှာဖွေတွေ့ရှိသွားမလဲဆိုတာကတော့ ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။