ခုတစ်ခေါက်တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ ဖြစ်ရပ်မှန်Drama အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်…Alyssa Pladl ဟာ Steven Pladl နဲ့ ငယ်ချစ်တွေဖြစ်ပြီး အသက် ၁၅ နှစ်အရွယ်မှာပဲ မိဘတွေသဘောမတူတဲ့ကြားက ခိုးရာလိုက်ပြေးကာလက်ထပ်ပေါင်းသင်း နေထိုင်ခဲ့ပါတယ် လက်ထပ်ပြီးမကြာမီမှာပဲAlyssa တစ်ယောက်ကိုယ်ဝန်ရှိကာ သမီးလေးတစ်ယောက်ထွန်းကားပြီးနောက်မှာတော့ သိပ်ချစ်တတ်လွန်းသူ ကြင်နာယုယတတ်သူStevenPladl ရဲ့ အလုပ်အကိုင်မည်မည်ရရမလုပ်ချင်ဘဲ မိသားစုအပေါ်အကြမ်းဖက်တတ်တဲ့စရိုက်မှန်ကို မျက်မြင်ကိုယ်တွေ့ကြုံတွေ့ရပါတော့တယ်…ထိုသို့အကြမ်းဖက်တတ်တဲ့ စရိုက်တွေကြောင့်လူမမယ်သမီးလေးထိခိုက်နာကျင်ရမယ့်အရေးကို ကာကွယ်ဖို့အတွက် Alyssa တစ်ယောက်ဟာသမီးလေးကို ရင်နာနာနဲ့ပဲ အခြားမိသားစုထံပေးကာမွေးစားစေဖို့ဆုံးဖြတ်ချက်ချလိုက်ရပါတယ်..သို့သော်လည်း အသက်ငယ်လွန်းသေးသူ Alyssa ဟာ Steven ရဲ့ လက်ကမလွတ်နိုင်ဘဲ ငြီးငွေ့စိတ်ကုန်ဖွယ်အိမ်ထောင်ရေးမှာ နောက်ထပ်သမီးလေးနှစ်ယောက်ထွန်းကားတဲ့အထိ နေထိုင်နေရင်း သမီးလေးတွေမျက်နှာကိုထောက်ကာ ယောက်ျားဖြစ်သူကို ကွာရှင်းဖို့တွန့်ဆုတ်တွန့်ဆုတ်ဖြစ်ခဲ့ရပါတယ်…ထိုသို့နှင့် အိမ်ထောင်သက် ၁၇ နှစ်ကျော်လောက်မှာတော့တခြားမိသားစုဆီမွေးစားဖို့ပေးလိုက်ရတဲ့ သမီးလေး Katie တစ်ယောက် Alyssa တို့မိသားစုဆီအလည်ပြန်ရောက်လာတဲ့ရက်အတွင်း ဖခင်ရင်းဖြစ်သူ Steven ရဲ့ ညှို့ဓာတ်တွေကြားရောက်ကာ ချစ်မိသွားပြီးသမီးရည်းစားတွေဖြစ် ကိုယ်ဝန်ရှိသွားတဲ့နောက်မှာတော့…ဒီရုပ်ရှင်ကားလေးမှာဆိုရင် ၂၀၁၈ ခုနှစ်က နယူးယော့ခ်မှာ အမှန်တကယ်ဖြစ်ပွားခဲ့တဲ့ ၃ လောင်းပြိုင်လူသတ်မှုဖြစ်စဉ်ကို အခြေခံကာပြန်လည်ရိုက်ကူးထားပြီး သမီးဖြစ်သူနဲ့လင်ဖြစ်သူရဲ့ ရင်နာစရာအဖြစ်ကို မိခင်ဖြစ်သူAlyssa ဘက်ကနေ ဂရုဏာသက်ဖွယ် မွန်းကြပ်ဖွယ် ခံပြင်းဖွယ်တင်ပြထားပါတယ်ထိုကဲ့သို့စိတ်နှလုံးကိုထိခိုက်စရာရသပေါင်းစုံ ပေးစွမ်းနိုင်တဲ့ အနုပညာမြောက်ဖြစ်ရပ်မှန်ရုပ်ရှင်ကားလေးတစ်ကားကို ရုပ်ရှင်ချစ်သူ ပရိသတ်များအနေနှင့်မကြည့်လိုက်ရ မရှိရလေအောင်ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ…