ချန်အန်းဆိုသူ လျို့ဝှက်အမှုစစ်တစ်ယောက်ကတာဝန်အရ ပါးစပ်ရာဇဝင်တစ်ပုဒ်လိုပြန့်နေတဲ့ ဆံဖြူရှင်မိစ္ဆာမ လျန်နီရှန်းအကြောင်း စုံစမ်းဖို့ရောက်လာခဲ့ရာ..တကယ်စုံစမ်းတဲ့အချိန်မှာ ဆံဖြူရှင်မိစ္ဆာမ လျန်နီရှန်းအကြောင်းကိုသာမကသိုင်းလောကရဲ့ ရှုပ်ထွေးလှတဲ့ ဂိုဏ်းတွေကြား ဆက်နွယ်မှုတွေနဲ့အတူလျန်နီရှန်းကို ပုံတူခိုးပြီး နောက်ကွယ်က ချောက်တွန်းနေတဲ့တခြားဂိုဏ်းအကြောင်းပါသိခဲ့ရတယ်…လျန်နီရှန်းရဲ့ ဇာတ်ကြောင်းကတော့ ဗားရှင်းတိုင်းနီးပါးမှာ ပုံစံစုံနဲ့တင်ဆက်ပြနေကြမို့ ထူးထွေပြီး မိတ်မဆက်တော့ပါဘူး…အချစ်တစ်ခုကို ကိုးစားမိတဲ့အချိန်မှာ ချစ်ရတဲ့သူရဲ့ရက်ရက်စက်စက်သစ္စာဖောက်တာခံရပြီးနောက် အချစ်ကိုမယုံတော့တဲ့ လျန်နီရှန်းတစ်ယောက်…အတိတ်က နာကျင်စရာ အချစ်ဇာတ်လမ်းတစ်ခုမှာ ကိုယ်တိုင် မင်းသားအနေနဲ့ကခဲ့ပြီးနောက် ထပ်ပြီးချစ်ရမှာ ကြောက်နေခဲ့တဲ့ ချန်အန်းတို့ ဆုံတဲ့အခါ…အချစ်ခံစားချက် အသစ်တစ်ဖန်ပဲ မွေးဖွားလာမလား…အတိတ်က ဒဏ်ရာကိုမကုစားနိုင်လို့ အလွမ်းနဲ့အဆုံးသတ်မလား…ဒါမှမဟုတ် အသစ်တစ်ဖန်မွေးဖွားလာမယ့်ဒဏ်ရာတစ်ခုက စောင့်ကြိုနေမလားဆိုတာဒေါင်းလုပ်ပြီး ခံစားကြည့်လိုက်ကြပါ…