ဘဝမှာ ကြောက်ဖို့ကောင်းတဲ့သရဲကား၊ Horror Thriller အမျိုးအစားရုပ်ရှင်ကားမျိုးတွေအများကြီး ကြည့်ဖူးကြပါလိမ့်မယ်။ သိပ်မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ House of Darkness ဆိုတဲ့ ရုပ်ရှင်ကားလေးကတော့ တမူထူးခြားတဲ့ Horror/Mystery အမျိုးအစားရုပ်ရှင်ကားဖြစ်တယ်ဆိုတာ အာမခံပါရစေ။ ရုပ်ရှင်တစ်ကားလုံးမှာ အဓိကဇာတ်ဆောင် ၂ ယောက်နဲ့ အရန်မင်းသမီး ၂ ယောက်သာပါဝင်တဲ့ ဒီရုပ်ရှင်ကားဟာ ကြည့်ရှုသူတွေရဲ့ စိတ်ကိုမရိုးမရွဖြစ်အောင်ဖန်တီးပေးမှာသေချာပါတယ်။ အစပိုင်းမှာတော့ ပျင်းဖို့ကောင်းတယ်လို့ ထင်ရကောင်းထင်ရနိုင်ပေမယ့် အချိန်ကြာလာလေလေ သိချင်စိတ်ပိုများလာအောင် စွဲဆောင်သွားပါလိမ့်မယ်။