An Almost Christmas Story FHD

An Almost Christmas Story

Family Fantasy Adventure Animation FHD 2024-10-14 7.2 24 Min

Animated Short Film လေးဖြစ်ပြီး rating ကလည်း ကောင်းတော့ ကြည့်သင့်တဲ့အထဲ ပါပြန်ရော။ဒီကာတွန်းလေးထဲမှာ Russian Doll (2019-2022) စီးရီးမှာပါတဲ့ သရုပ်ဆောင် Natasha Lyonne ကvoice acting လုပ်ပေးထားတဲ့အပြင် Wreck-It Ralph ကာတွန်း(၂)ကားလုံးမှာ Ralph အဖြစ်ပါဝင်ထားတဲ့အသံသရုပ်ဆောင် John C. Reilly ကလည်း အခုကာတွန်းလေးထဲအဓိက နေရာကနေ ပါဝင်ထားတယ်ဆိုတော့ အတော့်ကို မိုက်ပါတယ်။ဒီကာတွန်းတိုလေးရဲ့ ဒါရိုက်တာက David Lowery ဆိုတော့ ရှယ်ဖြစ်ပြန်ရော။David Lowery ဆိုတာ Pete’s Dragon, A Ghost Story နဲ့ The Green Knight စတဲ့နာမည်ကြီးရုပ်ရှင်တွေကို ရိုက်ကူးခဲ့တဲ့ ဘဲပါ။ဒီကာတွန်းတိုလေးရဲ့ ဇာတ်လမ်းသဘောကတော့ New York မြို့ကြီးရဲ့ တောအုပ်ကြီးထဲရှိတဲ့၊Moon ဆိုတဲ့ ဇီးကွက်လေးအကြောင်းပါပဲ။ စပ်စုပ်တတ်တဲ့ ဇီးကွက်လေးဖြစ်တာကြောင့်မထင်မှတ်ထားပဲ မိသားစုနဲ့ ကွဲခဲ့ရပြီး New York မြို့ကြီးထဲ ရောက်သွားခဲ့ပါတယ်။ဒါနဲ့ပဲ အိမ်ဖြစ်တဲ့ သူ့ရဲ့ တောအုပ်ကြီးထဲပြန်ဖို့ ကြိုးစားမှာဖြစ်ပါတယ်။ရင်ထဲ နွေးထွေးစေတဲ့ ကာတွန်းလေးဖြစ်တာကြောင့်ကြည့်ပြီးတဲ့သူတိုင်းလည်း ရင်ထဲ တစ်ခုခုကျန်ခဲ့မှာ ကျိန်းသေပါပဲ။