Pure Japanese FHD

Pure Japanese

Action Drama FHD 2022-01-28 6.2 88 Min

စတန့်မင်းသား “တတေးရှိ”က ဟောလိဝုဒ်မှာ ရုပ်ရှင်ရိုက်ကူးရင်း ရိုက်ကွင်းမှာ မတော်တဆမှုတစ်ခုနဲ့ ကြုံခဲ့ရပါတယ်။ သူ့ရဲ့ရှေ့မှာ လူတစ်ယောက်သေဆုံးသွားတာကိုမြင်ပြီး စိတ်ဒဏ်ရာရကာ ရိုက်ကူးရေးဆက်မလုပ်နိုင်ဘဲ ဂျပန်ကိုပြန်လာခဲ့ပါတယ်။ ဂျပန်မှာတော့ စတိတ်နဲ့ဖျော်ဖြေလေ့ရှိတဲ့ ဖျော်ဖြေရေးအဖွဲ့ထဲဝင်ပြီး တိုက်ခိုက်ရေးကကွက် ဟန်ရေးပြအလုပ်ကို လုပ်နိုင်ဖို့ကြိုးစားနေတာ ၆လရှိပါပြီ။ ဒါပေမဲ့ အတိတ်ကစိတ်ဒဏ်ရာကြောင့် ပြကွက်ကို ပိုင်ပိုင်နိုင်နိုင်မလုပ်နိုင်သေးပါဘူး။ တစ်နေ့တော့ ဘားတစ်ခုမှာ အထက်တန်းကျောင်းသူ အယုမိကို ရာကူဇာဂိုဏ်းကလူက နှိပ်စက်နေတာကို ဝင်ကယ်တင်ရာကနေ သိကျွမ်းသွားခဲ့ပါတယ်။ ရာကူဇာတွေက အယုမရဲ့ ခြံကွက်ကို ရေပူစမ်းစီမံကိန်းအတွက် လိုချင်နေခဲ့တာပါ။ အတိတ်က အနိဌာရုံတွေဆီကနေ ရုန်းထွက်ပြီး စိတ်တည်ငြိမ်အောင်ကြိုးစားနေရတဲ့ တတေးရှိတစ်ယောက် အယုမိကို ရာကူဇာတွေရန်ကနေ ကာကွယ်ဖို့ဖြစ်လာတဲ့အခါမှာတော့…