ငယ်ငယ်ကဆို လူသားစားတဲ့ အကောင်ကြီးတွေကားဟာ အတော်ကြည့် ကောင်းခဲ့တယ်ပေါ့ဗျာ။ ဘယ်နေရာကနေ အဲအကောင်ကြီးထွက်လာမလဲ၊ တောထဲကိုလျှာရှည်ပြီး ရောက်လာတဲ့သူတွေ ဘယ်လိုပြေးရမလဲ၊ နောက်ဆုံးမှာ အကောင်ကြီးကို နိုင်သွားလား၊ ရှုံးသွားလား အဲဒါမျိုးတွေ ကြည့်ခဲ့ရတာပေါ့။ ဒီကားတွေရဲ့သဘောတရားတစ်ခုက ဇာတ်လိုက်တွေက အကောင်ကြီးကို နိုင်သွားတာဖြစ်တတ်သလို၊ မနိုင်ဘဲ အကောင်ကြီးကသာ အနိုင်ရသွားတာ မျိုးတည်းက တစ်မျိုးမျိုးနဲ့ အဆုံးသတ်တဲ့ကားတွေပါ။ အမြဲတမ်း happy ending ဖြစ်မယ် ခန့်မှန်းမရ၊ happy ခြင်း happy၊ sad ချင် sad၊ mysterious ဖြစ်ချင်ဖြစ်တဲ့ ကားမျိုးတွေပါ။