The Red Book Ritual FHD

The Red Book Ritual

Horror FHD 2022-09-12 8 83 Min

ကစားနည်းတစ်ခု ရှိပါတယ်။ သဘာဝလွန် ကစားနည်းပေါ့။ တစ်နည်းအားဖြင့်ပြောရရင် တမလွန်ဘုံသားများနဲ့ အတူဆော့ရမယ့် ကစားနည်းပါ။ ကစားနည်းက သိပ်မထူးဆန်းပါဘူး။ ဖယောင်းတိုင်လေး တစ်တိုင်ထွန်း။ ဘေးမှာ လူတွေဝိုင်းထိုင်။ မျက်နှာဖုံးအနီရောင်နဲ့ စာအုပ်တစ်အုပ်ရှာပြီး ကစားရုံပါပဲ။ အန်ကယ်ဆမ်တို့ဆီမှာ လူတိုင်းသိတဲ့ ကစားနည်းပေါ့။ ကျွန်တော်တို့ဆီဆိုရင် ဖျာလိပ်နတ်မေးကြသလိုပေါ့ဗျာ။ ကစားဖို့အတွက် သူတို့ဆင့်ခေါ်လိုက်တဲ့ ဝိညာဉ်ဟာ အဖော်အပေါင်းတွေနဲ့ သုံးယောက်ပူး ရောက်ချလာပါလေရော။ အိမ်ထဲမှာ ရှိနှင့်ပြီးသား စုန်းမတစ်ယောက်ကလည်း စာအုပ်ကနဆင့် အပြင်ထွက်နိုင်အောင် ကြိုးစားလာပါပြီ။ ဘာတွေကစားချင်လို့ ခေါ်လိုက်မှန်း မသိရပေမယ့် အခြေအနေက ခြောက်ခြားလာတဲ့အခါ ကစားပွဲက ထွက်ဖို့ ကြိုးစားရပါတော့တယ်။