အနာဂတ်က လူသားသွင်ပြင်ပုံသဏ္ဌာန်နဲ့ Android တစ်ခုက ဘုရင်ကြီးရဲ့အသံကိုဖမ်းဖို့ 2022 ခုနှစ်ကို အချိန်ခရီးသွားလာခဲ့တယ်။သူ့ရဲ့မစ်ရှင်ကတော့ သူတို့စက်တွေရဲ့ ဖြစ်တည်မှုမေးခွန်းတွေအားလုံးအတွက်အဖြေကို ထောက်ပံ့ပေးနိုင်မယ်လို့ယုံကြည်တဲ့ လူသားဘုရင်ကြီးရဲ့ လှပတဲ့အသံကို သွင်းယူပြီး အနာဂတ်ကို ပြန်လာခဲ့ဖို့ပါပဲ။ဒီလိုနဲ့ ဘုရင်ကြီးကို တစ်ခါမှမမြင်ဖူးတဲ့ Android ဟာ စက်ရုပ်တွေနဲ့ပြောဆိုမေးမြန်းပြီး လူသားတွေကြား အူကြောင်ကြောင်ရောထွေးနေထိုင်ကာ ဘုရင်ကြီးကိုတွေ့ဖို့ ကြိုးစားရင်း သူနားမလည်တဲ့ အတိတ်က လူသားတွေနဲ့ စက်ပစ္စည်းတွေရဲ့ အခြေအနေတွေကိုဘယ်လိုတွေ့ကြုံရမလဲဆိုတာကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်…။