ဒီဇာတ်လမ်းလေးကတော့ တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းသလို လူတွေရဲ့စိတ်အနေထားတွေကိုပါ ကွက်ကွက်ကွင်းကွင်းမြင်အောင်ရိုက်ပြထားတာမျိူးပါ။ကမ္ဘာကြီးကပျက်စီးနေပြီလူသားတွေအသက်ရှင်နေထိုင်ဖို့အာကာသကို နယ်ချဲ့ပြီး နယ်မြေသစ်ရှာဖွေရပါတော့တယ်။ဒီလိုနဲ့ ခရီးသည်တွေကိုရေခဲခဲပြီး ဂြိုလ်တစ်ခုပေါ်အသွားမှာ အာကာသယျာဉ်ပျက်ကျပါတော့တယ်။ဒီလိုနဲ့ကွန်မန်ဒါတစ်ယောက် သူ့ရဲ့အဖွဲ့သားတွေရော ခရီးသည်တွေကိုပါကယ်တင်ဖို့ကြိုးစားရင်းနဲ့ အသက်ရှင်သန်ရပါတော့တယ်။ပျက်ကျသွားတဲ့ဂြိုလ်ပေါ်မှာ လူတွေကသေပြီးရင်ဇွန်ဘီလိုလိုတွေပြောင်းကုန်တာကြောင့် ဘယ်လိုအခက်ခဲတွေကြုံရမလဲဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။အရမ်းကိုအားထည့်ထားတဲ့ရုပ်ရှင်မဟုတ်ပဲ cgiတွေကလည်း သိပ်တော့မကောင်းပေမဲ့သူ့ရဲ့ပေးချင်တဲ့အဓိပ္ပာယ်ကိုတော့ သေချာထိမိနေအောင်ပေးနိုင်တာမို့လို့ အပျင်းပြေကြည့်ရင်တောင် အချိန်ဖြုန်းလို့ကောင်းတာတော့အမှန်ပါပဲ။