လူတစ်ယောက်ဟာ သင်္ချာနည်းတွေနဲ့ ပြစ်မှုကျူးလွန်နိုင်လား? ဟုတ်ကဲ့ ဒီကားမှာတော့ မာသီဆိုတဲ့လူဟာ သင်္ချာသဘောတရားတွေနဲ့ ပြစ်မှုကျူးလွန်ပါတယ် သူပြစ်မှုကျူးလွန်ပုံကတော့ ကမ္ဘာတစ်ဝှမ်းက ရာထူးကြီး အရေးကြီးပုဂ္ဂိုလ်တွေကိုမှ နိုင်ငံရေးသမားတွေကိုမှ လုပ်ကြံသတ်ဖြတ်တာ ဖြစ်ပါတယ် ဒါကို အပြည်ပြည်ဆိုင်ရာ ရဲအရာရှိက သင်္ချာပါရမီရှင် ကောင်မလေးတစ်ယောက်ရဲ့ အကူအညီနဲ့ သူ့ကို အမိဖမ်းမှာပဲ ဖြစ်ပါတယ် သူ့ရဲ့ သင်္ချာအတွက်အချက် ဗျူဟာတွေနဲ့ ပြစ်မှုဘယ်လိုကျူးလွန်တာလဲ။ သူကတကယ်ရောတရားခံအစစ်မှဟုတ်ရဲ့လား။ ဘယ်လို အရှုပ်အထွေးတွေပါဝင်ပါတ်သက်နေမလဲ။