HD
Journey to the Center of the Earth
ကမ္ဘာကြီးရဲ့အလယ်ဗဟိုကဘယ်လိုရှိမလဲတွေးကြည့်ဖူးလား..?ကိုယ်တော့ငယ်ငယ်ကတွေးကြည့်ဖူးတယ်ထောက်ပြမယ့်သူမရှိတော့ ကိုးရိုးကားယားအတွေးတွေလောက်နဲ့အဆုံးသတ်သွားတာပေါ့ဒါပေမယ့်ကမ္ဘာ့အတွင်းပိုင်းမှာ သက်ရှိသတ္တဝါတွေရှိနေနိုင်တယ်ရှင်သန်နေထိုင်စရာပတ်ဝန်းကျင်မျိုးရှိနေနိုင်တယ်လို့တော့ခံစားရတယ်ကမ္ဘာ့အလယ်ဗဟိုမှာ အူတိုင်မှာ ဓါတ်သတ္တုအစိုင်အခဲတခုရှိနေနိုင်တယ်သူမှာဆွဲငင်အားရှိတဲ့အပြင် ကိုယ်တိုင်လည်ပတ်နေတဲ့စွမ်းအင်ရှိတယ်ဒါကြောင့်အပြင်အခွံဖြစ်တဲ့ကမ္ဘာကြီးက သူ့ရဲ့လည်ပတ်မှုအတိုင်းလိုက်ပါနေရတာလို့အချို့က ယူဆကြတယ်ထားပါတော့၁၈၆၄ ခုနှစ်ကထုတ်ဝေခဲ့တဲ့ ပြင်သစ်စာရေးဆရာဂျူး ဘယ်ရမ် (Jules Verne) ရဲ့ စာအုပ်ကိုအခြေခံရိုက်ကူးထားတဲ့ဒီကားမှာမင်းသား ဘရန်ဒန် ဖရေဇာ (Brendan Fraser)မင်းသမီး အနီတာ ဘရီယမ် (Anita Briem)ကလေးသရုပ်ဆောင် ဂျော့ ဟက်ထရစ်ဆမ် (Josh Hutcherson)နဲ့ဒါရိုက်တာ အဲရစ် ဘရက်ဗစ် (Eric Brevig) တို့က ပုံဖော်ထားတာပါဒီအတွေးစိတ်ကူးတွေကို ဒီကားမှာချပြထားတယ်ယုတ္တိရှိကောင်းမှရှိနိုင်ပေမယ့် တတ်နိုင်သမျှ ခိုင်လုံတဲ့အချက်အလက်တွေနဲ့စိတ်ကူးစေစားထားတာမို့ သဘာဝတကျရှိလှတယ်လို့ခံစားရတယ်မီးတောင်နဲ့ မြေငလျင်တွေကိုစောင့်ကြည့်လေ့လာနေတဲ့ပရော်ဖက်ဆာ ထရယ်ဗာ အန်ဒါဆန် တယောက် ထူးခြားတဲ့အချက်ပြမှုကြောင့်စက်ကိရိယာဆီသွားရောက်လို့ မှတ်တမ်းယူရာမှာလျှပ်စီးမုန်တိုင်းမိလို့ ဂူတခုဆီခိုလှုံခိုက် မိုးကြိုးပစ်လို့လမ်းပြ အန်နာ တူတော်မောင် ဆမ် နဲ့အတူ ဂူဝပိတ်သွားပြီးထွက်မရဖြစ်သွားတယ်ဒီတော့ အမှတ်မထင် ကျောက်မီးသွေးတွင်းတခုကိုတွေ့မိရင်းထွက်ပေါက်ရှာရင်းက မီးတောင်ဟောင်းတခုရဲ့လမ်းဝမလိုင်လိုအပေါ်ကြောတင်းရုံသာရှိတဲ့ ကျောက်ပြားပေါ်တက်မိကြရင်းပြိုကျလို့ ကမ္ဘာ့အလယ်ဗဟိုဆီရောက်ရှိသွားပါတော့တယ်ဇာတ်ကားရဲ့ ၉၈ ရာခိုင်နှုန်းလောက်ကသရုပ်ဆောင်သုံးယောက်ထဲကိုသာရိုက်ကူးထားတာဖြစ်ပေမယ့် ကမ္ဘာ့အလည်ဗဟိုရဲ့ ထူးခြားဆန်းကျယ်တဲ့အလှတရားတွေအင်မတန်ကြောက်မက်ဖွယ်ကောင်းတဲ့ ဘေးရန်အန္တရာယ်နဲ့အတူ လမ်းပြကောင်မလေးကို ဦးဖို့ကြံနေကြတဲ့ တူဝရီးနှစ်ယောက်နဲ့သူတို့ ကမ္ဘာ့အတွင်းပိုင်းကနေ ဘယ်လိုပြန်ထွက်လာမလဲဆိုတာခံစားကြည့်ကြရအောင်။