နောင်တဆိုတာ အချိန်လွန်မှ ရတတ်တာမျိုးပါ။ နောင်တတွေ ရနေပြီဆိုရင်တော့ ကိုယ်လျှောက်ခဲ့ဖူးတဲ့လမ်းပေါ်ကို တည့်တည့်မတ်မတ် ပြန်လျှောက်ဖို့ရာ မဖြစ်နိုင်တော့ပါဘူး။ အချစ်ဆိုတဲ့ လမ်းကလေးမှာလည်း အသွားမတော် တစ်လှမ်း ဖြစ်လို့ကတော့ နောက်ပြန်လှည့်ဖိုရာ မဖြစ်နိုင်တော့ပါဘူး။ အချစ်ဆိုတဲ့ ခရီးလမ်းမှာ အကြုံရဆုံး ခလုတ်ကန်သင်းကတော့ ဒုတိယလူ ပေါ်လာတာပါပဲ။ ဒုတိယလူနောက်ကို ကိုယ့်စိတ်ကလေး တိမ်းသွားရင် အချစ်ရေးမှာ အရာရာ မချောမွေ့တော့ပါဘူး။ ၅ နှစ်ကျော် ချစ်သူ သက်တမ်းရှိပြီ ဖြစ်တဲ့ အလုပ်ကြမ်းပိုး ကျီစန်း နဲ့ ကလေးဆန်လွန်းတဲ့ ကျားမင်တို့ အကြောင်းပါပဲ။