ဟင်းချက်ပြိုင်ပွဲတစ်ခုမှာ အနိုင်ရဖိုစိတ်အားထက်သန်နေတဲ့ Ben က သူ့ဇနီးကကျောင်းထွက်အလုပ်လုပ်ပြီး သူ့ကိုငွေကြေးထောက်ပံ့ပေးနေရတာကြောင့် ပြိုင်ပွဲမှာ အနိုင်မရရင် ဘဝပျက်မှာကိုကြောက်ပြီးအရူးအမူးကြိုးစားနေတဲ့ပြိုင်ပွဲဝင်တစ်ယောက်ပေါ့။သူ့ရဲ့ အနိုင်ရချင်စိတ်ရည်မှန်းချက်တွေ ပြင်းထန်လာတဲ့အချိန်မှာ Jones လိုခေါ်တဲ့ စိတ်ကူးယဉ်သူငယ်ချင်းတစ်ယောက်ပေါ်လာပြီး Ben ကိုကူညီလာတယ်။ဒီလိုနဲ့ ပြိုင်ပွဲမှာ Ben နဲ့ Jones တို Ben ရဲ့ စိတ်ကူးယဉ်ကမ္ဘာထဲ စွန့်စားခန်းတွေထွက်ပြီး ပြိုင်ပွဲမုန့်တွေအတွက် အတူတူအကြံထုတ်ကြလေရဲ့။ဒါပေမဲ့ Ben ရဲ့ ရည်မှန်းချက်ကြီးမှုအပြင်တခြားခံစားချက်တွေလည်း ပြင်းထန်လာတာနဲ့ နောက်ထပ်စိတ်ကူးယဉ်သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက်ပေါ်လာချိန်မှာတော့ Ben တစ်ယောက် သူ့ရဲ့ အတ္တစရိုက်မျိုးစုံကိုဘယ်လိုထိန်းချုပ်မလဲဆိုတာ ဒီဇာတ်လမ်းထဲမှာ ဟာသမျိုးစုံနဲ့ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။