ဒီတစ်ခါတင်ဆက်ပေးမှာကတော့ war/adventure ရုပ်ရှင်တစ်ခုဖြစ်တဲ့ The Guns of Navarone ပါ မူရင်းစာအုပ် The Guns of Navarone ကို မှီငြမ်းပြီး ရိုက်ကူးထားတဲ့စိတ်ကူးယဉ်ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်Navarone ဆိုတဲ့ကျွန်းက အပြင်မှာ တကယ်မရှိပါဘူး ပါဝင်ထားတဲ့သရုပ်ဆောင်တွေကလည်း Roman Holiday, To kill a mockingbird တို့နဲ့ သိလောက်မယ့်မင်းသားကြီး Gregory Peck, David Niven, Anthony Quinn, James Darren တို့ပါ IMDb rating 7.5, rotten tomatoes 92% ရထားတဲ့ စစ်စွန့်စားခန်း ရုပ်ရှင်ကားကောင်းတစ်ခုပါပဲဇာတ်ကြောင်းကတော့ ဒုတိယကမ္ဘာစစ်အတွင်း ဂျာမန်တွေဟာ စစ်အင်အားပြသဖို့အတွက် ဂရိကျွန်းဆွယ်တစ်ခုဖြစ်တဲ့ ကာရိုစ်ကျွန်းကို ရုတ်တရက်ထိုးစစ်ဆင်ဖို့ ကြံစည်ပါတယ် ကာရိုစ်ကျွန်းပေါ်မှာသောင်တင်နေတဲ့ အင်္ဂလိပ်စစ်သား ၂၀၀၀ ကို ကယ်တင်ဖို့အတွက် မဟာမိတ်အဖွဲ့ဘက်က အရည်အချင်းပြည့်ဝတဲ့ အရာရှိ ၆ ဦးကို ဂျာမန်တွေရဲ့ နောက်ဆုံးပေါ်အမြောက်ကြီးတွေ တပ်ဆင်ထားတဲ့နာဗာရွန်ကျွန်းကို ဖောက်ခွဲပစ်ဖို့အတွက် စေလွှတ်လိုက်ပါတော့တယ်အစကတည်းက မဖြစ်နိုင်ဘူးဆိုတာ သေချာနေတဲ့ စစ်ဆင်ရေးတစ်ခုကို စေလွှတ်ခံရတဲ့ အရာရှိ ၆ ဦးတို့ ဘယ်လိုစွန့်စားခန်းတွေနဲ့ ကြုံရပြီးစစ်ဆင်ရေးကို အကောင်အထည်ဖော်ကြမလဲ ဆိုတာ ဇာတ်ကွက်ကောင်းကောင်း၊ ဟန်ပါပါသရုပ်ဆောင်ချက်၊ ကျစ်လျစ်တဲ့ဒိုင်ယာလော့ခ်တွေနဲ့ စစ်ပွဲအတွင်း ပါဝင်ကြ နစ်နာကြရသူတွေရဲ့ခံစားချက်အမြင်ကို ခံစားကြည့်ရှုလိုက်ကြပါဦးခင်ဗျာ