ခေတ်အဆက်ဆက် ဧကရာဇ်မင်းတွေဟာ Forbidden Cityထဲကရုပ်တုစစ်တပ်လိုရုပ်တုပေါင်းများစွာကို မြေမြှုပ်ခဲ့တယ်လို့ဆိုကြတယ်။အချိန်တွေကြာလာတဲ့အခါ ကမ္ဘာကြီးရဲ့အသက်သွင်းမှုကြောင့်ဒီရုပ်တုတွေဟာ အသက်ဝင်လာပြီး မြေအောက်ကမ္ဘာတစ်ခုအဖြစ်နဲ့နေထိုင်ကြတယ်။ကောင်းကင်အောက်ကကမ္ဘာကြီးမှာ ဆန်းကြယ်မှုတွေအပြည့်ရှိသလိုမြေအောက်ကမ္ဘာကြီးမှာလဲ အံ့ဩစရာတွေနဲ့အပြည့်ရှိပါတယ်။ချင်ယန်ဆိုတဲ့မြို့တစ်မြို့ရှိပြီးတော့ မြို့ပြင်မှာ ခြင်္သေ့လို့ခေါ်တဲ့ရှေးဟောင်းသတ္တိဝါတွေနေထိုင်တယ်။ချင်ယန်မြို့ကရုပ်တုစစ်သားတွေနဲ့ ခြင်္သေ့တွေဟာ အမြဲစစ်ဖြစ်နေခဲ့တယ်။ချင်ယန်မြို့မှာ တောက်တိုမယ်ရလုပ်ရတဲ့ကောင်လေးတစ်ယောက်ဟာရုပ်တုတို့ရဲ့မွေးကတည်းကချမှတ်ပြီးသားကံကြမ္မာကိုဆန့်ကျင်ပြီးတော့လက်ရွေးစင်စစ်သားတစ်ယောက်ဖြစ်ချင်ခဲ့တယ်။တစ်နေ့မှာ စစ်သူကြီးကသူ့ကို ခြင်္သေ့တစ်ကောင်ဖမ်းလာရင်လက်ရွေးစင်တပ်သားအဖြစ်ရာထူးတိုးပေးမယ်လို့ပြောလာတဲ့အတွက်အရဲစွန့်မြို့ပြင်ကိုထွက်ပြီးတော့ ခြင်္သေ့ရှာဖွေရေးစတင်ခဲ့ပါတယ်။ခြင်္သေ့ဖမ်းတဲ့ခရီးမှာ ထူးဆန်းတဲ့ကောင်မလေးတစ်ယောက်နဲ့ဆုံခဲ့ပြီးတော့ ခြင်္သေ့အတူဖမ်းဖို့ဖြစ်လာခဲ့ပါတယ်။သူတို့နှစ်ယောက်ရဲ့ခြင်္သေ့ဖမ်းတဲ့ခရီးမှာ ဘယ်လိုအခက်အခဲတွေနဲ့စိန်ခေါ်မှုတွေပြည့်နေမလဲဆိုတာကြည့်လိုက်ပါဦးနော်။