Kayla's Kin FHD

Kayla's Kin

Unknown FHD 2024-01-17 8.3 88 Min

နိုင်ဂျီးရီးယား ကနေပြီးတော့ movie တွေထွက်လာတဲ့အထဲမှာဇာတ်ညွှန်းလေးတွေကမဆိုးဘူးလို့ပြောလို့ရတယ်။ပညာပေးကလဲ ဇာတ်လမ်းတိုင်းလိုနည်းနည်းမှာတစ်နည်းနဲ့မဟုတ်တစ်နည်း ထည့်ပြီးတော့ပညာပေးတတ်ပါသေးတယ်။သရုပ်ဆောင်တွေရဲ့အရည်ချင်းလဲမဆိုးဘူးပြောလို့ရပါတယ်။သူတို့ဒီလိုမျိုးဆက်ပြီး ကြိုးစားသွားမယ်ဆိုရင်တော့တစ်နေရာရာတော့ ရောက်လာမှာပါ။ဇာတ်လမ်းအကျဉ်းလေးကိုပဲဆက်ပြီးပြောလိုက်ကြပါ‌စို့ …ကေလာဆိုတဲ့မိန်းကလေးတစ်ယောက်ကအောင်မြင်နေတဲ့အမျိုးသမီးလုပ်ငန်းရှင်တစ်ယောက်ပါ။ဒါပေမဲ့ သူရဲ့ငယ်ဘဝကတော့လွယ်ကူခဲ့တာတော့မဟုတ်ပါဘူး။ဖခင်ကလူမိုက်ခေါင်းဆောင် မိခင်ဖြစ်သူကဖခင်ရဲ့ရန်ကိုကြောက်တော့ သေချင်ယောင်ဆောင်ပြီးတော့သမီးလေးကို ဖခင်နဲ့ဝေးရာမှာတစ်ဦးတည်းပြုစုပျိုးထောင်ခဲ့တာပါ။ဒီလို ဖခင်မျိုးရှိတာကြောင့် ကေလာကယောကျာ်းသားတွေဆို မုန်းတီးပြီး‌မြင်သမျှယောကျာ်းတွေကိုအယုံကြည်မရှိတော့တာ။ဒါကိုပြုပြင်ပေးဖို့ကို မိခင်ဖြစ်သူကကော သူငယ်ချင်းကကောကြိုးစားပေမဲ့မအောင်မြင်ခဲ့ဘူး။ဒါပေမဲ့ တစ်နေ့မှာတော့ သူ့ကိုသဘောကျတဲ့ကောင်လေးတစ်ယောက်ချစ်ရေးဆိုဖို့ကြိုးစားလာတဲ့အခါမှာတော့ကေလာ တစ်ယောက်သူ့ဆုံးဖြတ်ချက်နဲ့သူ့ဘဝကိုဘယ်လိုတွေကပြောင်းကပြန်ဆန်စေမလဲဆိုတာတော့ ဆက်လက်ရှုစားကြပါဦး