Costly Korikalu FHD

Costly Korikalu

Unknown FHD 2023-07-24 8.3 0 Min

ယခုတစ်ခါမှာတော့ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ထုံအအနဲ့ အတန်းပညာပြည့်စုံအောင်မတတ်ခဲ့ရတဲ့ဝရိန်သမားလေး ဆူဘာ့ရှ်အကြောင်းကို တင်ဆက်ပေးချင်ပါတယ်။442လူတိုင်းက အသုံးမကျတဲ့သူလို့ပဲ မြင်နေတဲ့ဆူဘာ့ရှ်ဆိုတဲ့ကောင်လေးတစ်ယောက်ဟာငယ်စဉ်အခါက မိဘတွေဟာ ငွေကြေးမတတ်နိုင်တဲ့အတွက်နဲ့ပညာကို ပြီးပြည့်စုံအောင် သင်ကြားမပေးနိုင်ခဲ့ပါဘူး။ဒီအတွက်နဲ့ သူဟာ မိဘတွေကို ပိုက်ဆံရှာပြီး လုပ်ကျွေးမယ်လို့ ကြံနေတုန်းမှာပဲမိဘတွေဟာ ဆုံးပါးသွားခဲ့ပါတယ်။ဒီလိုနဲ့ မြို့မှာဝရိန်ဆိုင်ဖွင့်ထားတဲ့အစ်ကိုတစ်ယောက်ကလုပ်ကိုင်စားနိုင်ဖို့ ပညာသင်ပေးမယ်ဆိုပြီးခေါ်သင်ပေးပေမဲ့ ထုံထုံအအ ဆူဘာ့ရှ်တစ်ယောက်ကတော့၃လကြာတဲ့အထိ ဘာမှ မတတ်လာတဲ့နောက်မှာ ရွာကို ပြန်လွှတ်ခြင်းခံလိုက်ရပါတော့တယ်။လက်ထဲမှာ ရူပီး၁ရာပဲ ကျန်တော့ပြီး အဲဒီလက်ကျန်ငွေလေးမကုန်ခင်အလုပ်ရှာရမယ်လို့တွေးရင်း ခြေဦးတည့်ရာလျှောက်လာရင်းညဘက်ရောက်လာတော့ တွေ့ရာနေရာ ဝင်အိပ်နေပါတော့တယ်။ဒီလိုအိပ်နေတုန်းမှာပဲ သူ့အနားကို အိတ်တစ်လုံးကျလာတာနဲ့ခေါင်းခုပြီးအိပ်နေလိုက်ပါတယ်။ အချိန်အတော်ကြာ အိတ်ကိုလာယူတဲ့သူလည်းမရှိအဲဒီနားမှာလည်း ရဲတွေက ခြေချင်းလိမ်လာတော့ အိတ်ကိုဆွဲပြီး တခြားပြေးပါတော့တယ်။တကယ်တော့ အဲဒီအိတ်ဟာ ဘဏ်ဓားပြတိုက်ရာကနေပြုတ်ကျလာခဲ့တာဖြစ်ပြီး အဲဒီအိတ်ထဲမှာ ငွေတွေအပြည့်ရှိနေခဲ့ပါတယ်။ဆူဘာ့ရှ်တစ်ယောက် အဲဒီငွေအိတ်ကြီးနဲ့အတူ ရွာပြန်ပြီး ဘာတွေဆက်ဖြစ်လာမလဲ …..ဘဏ်ဓားပြမှုကို စုံစမ်းနေတဲ့ အရာရှိတွေကရော ဒီအမှုကြီးကို လိုက်နိုင်ပါ့မလား ….ဆူဘာ့ရှ်တစ်ယောက်ရော ဘာတွေဘယ်လိုကြုံတွေ့ရဦးမလဲ ….ဆိုတာတွေကိုကြည့်ရှုရမဲ့ ဒရာမာကားကောင်းလေးတစ်ကားဖြစ်ပါတယ်။