စာရေးဆရာမလေး အီရင်က နောက်ထပ်ရေးမယ့်စာအုပ်အတွက် အကြံအိုက်နေတာကြောင့် သူ့အဖေရဲ့ မွေးရပ်မြေ အော်ရိုရာမြို့လေးဆီကို အဖေနဲ့အတူတူ ခရစ်စမတ်အတွက်ခရီးထွက်ခဲ့ကြတယ်..အော်ရိုရာမြို့လေးမှာ အီရင်အလုပ်ချင်ဆုံးအရာတစ်ခုက Aurora အလင်းတန်းတွေကို မြင်ဖူးချင်တာပဲ ဖြစ်ပါတယ်..နည်းပညာတွေမသုံးဘဲ ခေတ်နောက်ကျနေတဲ့ဂိုက်ချောချောလေးထရီဗာနဲ့ နည်းပညာကို အရမ်းအားကိုးတဲ့ အီရင်တို့ တွေ့ဆုံကြတဲ့အခါမှာ ဘယ်လိုစိတ်သဘောထားမတိုက်ဆိုင်မှုတွေဖြစ်လာကြမလဲ?Aurora အလင်းတန်းကို အရမ်းမြင်တွေ့ချင်နေတဲ့ အီရင်ကိုခပ်ချောချောဂိုက်လေးထရီဗာက လမ်ပြပေးနိုင်ပါ့မလား?သူရေးမယ့်စာအုပ်နဲ့ပတ်သက်တဲ့ကုန်ကြမ်းကိုရော ဒီအော်ရိုရာမြို့လေးမှာ ရှာတွေ့ပါ့မလား ဆိုတာကို ကြည့်ရှုရမယ့်အချစ်ဇာတ်ကားတစ်ကားဖြစ်ပါတယ်..