Neena Guptaလို ဒါရိုက်တာ ပရိုဂျူဆာ မင်းသမီးကြီးပါဝင် သရုပ်ဆောင်ထားပြီးတော့ခွေးလေးတွေလည်း အများကြီးပါဝင်ထားလို့ ခွေးချစ်တဲ့သူတွေအတွက်ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ခရစ္စမတ်နဲ့ နှစ်သစ်ကူးအတွက်ဇာတ်လမ်းလေးတွေ အများကြီးပဲ ထွက်ခဲ့သလိုအခုဇာတ်လမ်းလေးကတော့ မိုတီလို့ခေါ်တဲ့ ခွေးလေးပြောပြတဲ့လူသားတွေနဲ့ ခွေးလေးတွေကြားထဲက အချစ်ဇာတ်လမ်းလေးတွေပေါ့။ဆန်နီလို့ခေါ်တဲ့ ကောင်လေးဟာ ဂိုအာမှာ စားသောက်ဆိုင်လေးဖွင့်နိုင်ဖို့ကသူ့အိပ်မက်တစ်ခုဖြစ်တဲ့အလျောက် စားသောက်ဆိုင်လေးဖြစ်မြောက်လာခဲ့ပြီးဖွင့်ပွဲအခမ်းအနားမှာပဲ ခွေးလေးတစ်ကောင်ကြောင့် ပွဲပျက်သွားခဲ့ရပါတော့တယ်။ဖွင့်ပွဲမှာ လူစည်ခဲ့ပေမဲ့ ခွေးလေးကို ပြောခဲ့ဆိုခဲ့တဲ့အတွက်နဲ့သူ့ဆိုင်မှာ ရေဗူးလာဝယ်မဲ့သူတောင် မရှိတော့တဲ့အခါမှာအထက်ကနေ ဒီပြဿနာကိုရှင်းဖို့အတွက် ပီအာမန်နေဂျာကို စေလွှတ်စေခဲ့ပါတယ်။ဒီလိုနဲ့ စားသောက်ဆိုင်လေးကို ဘယ်လိုနည်းလမ်းသုံးပြီးတော့ ပြန်လည်ဦးမော့အောင်လုပ်မလဲ ………ရူဟီလို့ခေါ်တဲ့ ကလေးမလေးမှာ ကီမွန်ဆိုတဲ့ခွေးလေးရှိပါတယ်။သူ့အဖေဟာ မရှိတော့ဘဲအမေဖြစ်သူကလည်း သူ့အတွက်ဖေဖေလေးရှာပေးထားလို့ ရူဟီတစ်ယောက် သူ့ဖေဖေလေးကိုမုန်းတီးနေပြီး အဖေဖြစ်သူကိုပဲ တောင့်တနေသူလေးပေါ့။အဖေဖြစ်သူပြောခဲ့ဖူးတာက တစ်ခုခုပျောက်ခဲ့ရင် အရှင့်ဆီမှာတောင်းဆိုရင်ရတယ်ဆိုတဲ့စကားအတိုင်း ကီမွန်လေးကိုခေါ်ပြီး အရှင့်ဆီ သွားတောင်းဆိုနေရင်းကီမွန်လေးပျောက်ဆုံးသွားခဲ့ပါတယ်။ ရူဟီလေးနဲ့ ကီမွန်လေးတို့ ပြန်ပြီး တွေ့ဆိုံနိုင်ပါ့မလား ……..အာဂျွန်နဲ့ အက်တာတို့ လင်မယားနှစ်ယောက်ဟာ အိမ်ထောင်ရေးအဆင်မပြေဖြစ်ရာကနေအတိုင်ပင်ခံဆီမှာ သွားပြီး ဆွေးနွေးနေရာက အတိုင်ပင်ခံဆရာဝန်က သူတို့ကို ခွေးလေးမွေးဖို့ အကြံပေးလိုက်ပါတယ်။အာဂျွန်နဲ့ အက်တာတို့ လင်မယားရော ခွေးလေးမွေးပြီးတဲ့နောက်မှာဘယ်လိုအခြေအနေတွေ ဖြစ်လာမလဲ ….အစရှိတဲ့ ဇာတ်လမ်းလေးတွေကို ကြည့်ရှုရမဲ့အပြင်ခွေးလေးတွေကရော ဘယ်အခန်း ဘယ်နေရာကနေ ပါဝင်လာမလဲ ဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမဲ့ခွေးချစ်သူများအကြိုက် ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။Neena Guptaလို ဒါရိုက်တာ ပရိုဂျူဆာ မင်းသမီးကြီးပါဝင် သရုပ်ဆောင်ထားပြီးတော့ခွေးလေးတွေလည်း အများကြီးပါဝင်ထားလို့ ခွေးချစ်တဲ့သူတွေအတွက်ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ခရစ္စမတ်နဲ့ နှစ်သစ်ကူးအတွက်ဇာတ်လမ်းလေးတွေ အများကြီးပဲ ထွက်ခဲ့သလိုအခုဇာတ်လမ်းလေးကတော့ မိုတီလို့ခေါ်တဲ့ ခွေးလေးပြောပြတဲ့လူသားတွေနဲ့ ခွေးလေးတွေကြားထဲက အချစ်ဇာတ်လမ်းလေးတွေပေါ့။ဆန်နီလို့ခေါ်တဲ့ ကောင်လေးဟာ ဂိုအာမှာ စားသောက်ဆိုင်လေးဖွင့်နိုင်ဖို့ကသူ့အိပ်မက်တစ်ခုဖြစ်တဲ့အလျောက် စားသောက်ဆိုင်လေးဖြစ်မြောက်လာခဲ့ပြီးဖွင့်ပွဲအခမ်းအနားမှာပဲ ခွေးလေးတစ်ကောင်ကြောင့် ပွဲပျက်သွားခဲ့ရပါတော့တယ်။ဖွင့်ပွဲမှာ လူစည်ခဲ့ပေမဲ့ ခွေးလေးကို ပြောခဲ့ဆိုခဲ့တဲ့အတွက်နဲ့သူ့ဆိုင်မှာ ရေဗူးလာဝယ်မဲ့သူတောင် မရှိတော့တဲ့အခါမှာအထက်ကနေ ဒီပြဿနာကိုရှင်းဖို့အတွက် ပီအာမန်နေဂျာကို စေလွှတ်စေခဲ့ပါတယ်။ဒီလိုနဲ့ စားသောက်ဆိုင်လေးကို ဘယ်လိုနည်းလမ်းသုံးပြီးတော့ ပြန်လည်ဦးမော့အောင်လုပ်မလဲ ………ရူဟီလို့ခေါ်တဲ့ ကလေးမလေးမှာ ကီမွန်ဆိုတဲ့ခွေးလေးရှိပါတယ်။သူ့အဖေဟာ မရှိတော့ဘဲအမေဖြစ်သူကလည်း သူ့အတွက်ဖေဖေလေးရှာပေးထားလို့ ရူဟီတစ်ယောက် သူ့ဖေဖေလေးကိုမုန်းတီးနေပြီး အဖေဖြစ်သူကိုပဲ တောင့်တနေသူလေးပေါ့။အဖေဖြစ်သူပြောခဲ့ဖူးတာက တစ်ခုခုပျောက်ခဲ့ရင် အရှင့်ဆီမှာတောင်းဆိုရင်ရတယ်ဆိုတဲ့စကားအတိုင်း ကီမွန်လေးကိုခေါ်ပြီး အရှင့်ဆီ သွားတောင်းဆိုနေရင်းကီမွန်လေးပျောက်ဆုံးသွားခဲ့ပါတယ်။ ရူဟီလေးနဲ့ ကီမွန်လေးတို့ ပြန်ပြီး တွေ့ဆိုံနိုင်ပါ့မလား ……..အာဂျွန်နဲ့ အက်တာတို့ လင်မယားနှစ်ယောက်ဟာ အိမ်ထောင်ရေးအဆင်မပြေဖြစ်ရာကနေအတိုင်ပင်ခံဆီမှာ သွားပြီး ဆွေးနွေးနေရာက အတိုင်ပင်ခံဆရာဝန်က သူတို့ကို ခွေးလေးမွေးဖို့ အကြံပေးလိုက်ပါတယ်။အာဂျွန်နဲ့ အက်တာတို့ လင်မယားရော ခွေးလေးမွေးပြီးတဲ့နောက်မှာဘယ်လိုအခြေအနေတွေ ဖြစ်လာမလဲ ….အစရှိတဲ့ ဇာတ်လမ်းလေးတွေကို ကြည့်ရှုရမဲ့အပြင်ခွေးလေးတွေကရော ဘယ်အခန်း ဘယ်နေရာကနေ ပါဝင်လာမလဲ ဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမဲ့ခွေးချစ်သူများအကြိုက် ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။