ရှန့်ကူနတ်တိရစ္ဆာန်ချီလင်ဟာ ရွှမ်းယွမ်၊ ချိန်ယင် စသည့် မိစ္ဆာနိုင်ဓား ၇ ချောင်းကို ထုလုပ်ခဲ့ပြီး လူ့ပြည်မှ ကျင့်ကြံသူ ၇ ဦးကို ဓားသခင် ၇ ဦးအဖြစ် ပေးအပ်ခဲ့သည်။ တစ်ချိန်တည်းမှာပဲ ချန်ရှိမြိုတွင် နှစ်တစ်ထောင်ခန့် ကျင့်ကြံခဲ့သော မြွေမိစ္ဆာတစ်ကောင်က သူမ၏စွမ်းအင်တိုးပွားစေရန်အတွက် သက်ရှိတွေကို အန္တရာယ်ပြုခဲ့ပါတယ်။ ဓားသခင် ၇ ဦးတိုဟာ လူ့ပြည်ငြိမ်းချမ်းရေးအတွက် မြွေမိစ္ဆာကို တိုက်ခိုက်ခဲ့ပြီး ဖမ်းဆီးပိတ်လှောင်ထားနိုင်ခဲ့ပါတယ်။ နှစ် ၅၀၀ ကြာပြီးနောက် ချိန်ယင်ဓားသခင်က ဖမ်းဆီးထားခြင်းကို အားဖြည့်ပေးနေစဉ် မြွေမိစ္ဆာက အခွင့်ကောင်းယူပြီး ဖမ်းဆီးရာမှ လွတ်မြောက်သွားခဲ့ပါတယ်။ ချိန်ယင်ဓားသခင်ဟာ သူ့ရဲ့ စီးတော်မြည်းကို ချိန်ယင်ဓားနှင့်အတူ ထွက်ပြေးလွတ်မြောက်နိုင်ရန် အသက်ပေးကာကွယ်ပေးခဲ့သည်။