ဒီတခါ မိတ်ဆက်ပေးမှာ Sci-fi အမျိုးအစားလေးပါ။ 1989 က ထွက်ရှိခဲ့ပြီး Oscar ဆု တစ်ဆု အပါအဝင် ဆု ၉ဆုတဲ့ ရရှိခဲ့ပါတယ်။ အဲဒီခေတ်က CGI တွေ အဆင့်မမြင့်သေးပေမယ့် ဒီကားက Best Effectဆုကို Oscar ပါရခဲ့တာပါ။ မင်းသား မင်းသမီးတွေကလဲ The Trueman Show, Pollock, Apollo 13 တို့ထဲက Ed Harrisရယ် 1991 Robin Hood, Law & Order, The Perfect Storm ထဲ့က Mary Elizabethရယ်ပါ။Cold War era မှာ အမေရိကန် နျူကလီးယား ရေငုတ်သင်္ဘောဟာ ရုရှားကလို့ ထင်ရတဲ့ ရေငုတ်သင်္ဘောနဲ့ လိုက်တမ်းပြေးတမ်း ဆော့ရင် နစ်သွားပါတယ်။ အဲဒီ သင်္ဘောထဲမှာ ကျန်ခဲ့နိုင်တယ့်သူတွေကိုကယ်ဖို့ အနီးဆုံးမှာရှိတဲ့ ရေအောက်တူးစင်က ရေငုပ်သမားတွေကို မက်လုံးပေးပြီး ရေတပ်က ရှာခိုင်းပါတယ်။ ရှာတဲ့ အခါ ဘာတွေ တွေ့ရမလဲ။ သူတို့ကိုယ်တိုင်ရော ဘေးကင်းပါ့မလားဆိုတာကိုကြည့်လိုက်ပါဦး။ 1989 ကဆိုပေမယ့် Effect တွေ အတော်လေးကောင်းပါတယ်