Bang Rajan 2 HD

Bang Rajan 2

Action Drama History War HD 2010-03-25 5.7 121 Min

ဒီတစ်ခေါက်မှာတော့ Bang Rajan 1 ရဲ့ ဇာတ်လမ်းအဆက်ဖြစ်တဲ့ Bang Rajan 2 ဆိုတဲ့ထိုင်းသမိုင်းအက်ရှင်ဇာတ်လမ်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်…Thanit Jitnukul မှဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီး ရှေးဟောင်းအယုဒ္ဓယခေတ်နောက်ပိုင်းမှာ ဗမာတိုရဲ့ကျူးကျော်မှုကိုတိုက်ခိုက်ကာကွယ်နေတဲ့ရွာသား‌တွေရဲ့ သတ္တိနဲ့ စွန့်စားမှုတိုကို ရိုက်ကူးထားတာဖြစ်ပါတယ်…အင်အားနည်းပါးပြီး လက်နက်ပစ္စည်း မလုံလောက်ပေမဲ့ လွတ်လပ်မှုအတွက်တိုင်းပြည်ကို စွန့်စားကာကွယ်ဖို ကြိုးစားခဲ့တဲ့ သူရဲကောင်းတွေရဲ့ လက်ရုံးရည်ကို ကြည့်ရှုရမှာပါ…စိတ်လှုပ်ရှားဖွယ်ရာတိုက်ပွဲမြင်ကွင်းများနဲ့ ရိုးရာထိုင်း တိုက်ခိုက်မှုပုံစံ‌တွေလည်း ပါဝင်ပါတယ်…တိုင်းပြည်နှစ်ခု စစ်ပွဲတစ်ပွဲဖြစ်တိုင်းကြုံရတတ်တဲ့ နစ်နာဆုံးရှုံးမှုတွေကို ရိုက်ကူးပြထားပါတယ်…ဒီဇာတ်လမ်းလေးထဲမှာတော့ဘယ်ဘက်ကနိုင်တယ် ဘယ်ဘက်ကရှုံးတယ်ဆိုတာထက်စစ်ပွဲအတွင်း ကြုံတွေ့ကြရတဲ့ ဖြစ်ရပ်တွေကို အဓိကထားပြီး ရိုက်ကူးပြသထားပါတယ်…