The Kill List FHD

The Kill List

Unknown FHD 2020-03-29 8.3 95 Min

ဒူးတံတောင်မင်းသားလို့ နာမည်ကြီးတဲ့ Ong Bak ဇာတ်ကားထဲက မင်းသားပါဝင်ထားတဲ့ အက်ရှင်အကြမ်းစားဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်…ငယ်စဉ်အခါမှာ မိဘတွေ အသက်ဆုံးပါးသွားရပြီးတော့ ညီမဖြစ်သူနဲ့ပါ ရှင်ကွဲကွဲခဲ့ရတဲ့ အန်ဂျီဆိုတဲ့ ကောင်မလေး…သူဟာ ဦးလေးရဲ့ စောင့်ရှောက်မှုအောက်မှာ ကြီးပြင်းလာခဲ့ရသူပေါ့…အန်ဂျီရဲ့ အဖေရောဦးလေးကပါ အာဏာကြီးတဲ့ အဖွဲ့အစည်းကြီးတစ်ခုရဲ့လက်အောက်ခံတွေဖြစ်ကြပြီး အန်ဂျီ့အဖေဟာ အဲဒီအဖွဲ့အစည်းထဲက အဖွဲ့ဝင်တွေကို ဖော်ထုတ်ဖို့ကြိုးစားမှုနဲ့ သတ်ဖြတ်ခံလိုက်ရတာဖြစ်ပါတယ်…ဖခင်သေဆုံးပြီးနောက်မှာ‌တော့ တစ်ဦးတည်းသော ညီမလေးနဲ့လည်း ရှင်ကွဲကွဲခဲ့ရပါတယ်…ဦးလေးရဲ့ လက်အောက်ကိုရောက်လာတဲ့ အန်ဂျီတစ်ယောက်မိဘတွေကို သတ်ခဲ့တဲ့သူတွေကိုလက်တုံ့ပြန်နိုင်ဖို့အတွက် အထူးအေးဂျင့်တစ်ယောက်လို ကျွမ်းကျင်တဲ့ ကိုယ်ခံပညာ သင်ကြားခဲ့ပြီးနောက်မှာတော့သူ့မိဘတွေကို သတ်ခဲ့တဲ့ အဖွဲ့အစည်းရဲ့ လက်အောက်မှာပဲအဖွဲ့ဝင်တစ်ယောက်ဖြစ်လာခဲ့ပါတော့တယ်…ဒီလိုနဲ့ အဖွဲ့အစည်းက လုပ်ခိုင်းတဲ့အလုပ်တွေကိုနီနာဆိုတဲ့ ပြည့်တန်ဆာမလေးတစ်ယောက်နဲ့အတူလုပ်ရင်း လွဲချော်မှုလေး အနည်းငယ်ရှိသွားတဲ့အခါမှာတော့အန်ဂျီတစ်ယောက် အဖွဲ့အစည်းရဲ့ သစ္စာဖောက်အဖြစ်ကိုရောက်ရပါတော့တယ်…သစ္စာဖောက်ဆိုရင် ရှင်းထုတ်ခံရမဲ့လူစာရင်းထဲပါမှာဆိုတော့အန်ဂျီတစ်ယောက် အသက်ရှင်ဖို့အတွက်ဘယ်လိုရုန်းကန်မလဲ ဘာတွေဆက်ဖြစ်မလဲဆိုတာကို အက်ရှင်ကြမ်းကြမ်းတွေနဲ့အတူ ကြည့်ရှုရမှာဖြစ်ပါတယ်…