MoonHunter တစ်နည်းပြောရရင် လမင်းကိုအမဲလိုက်မယ့်မုဆိုး၊ မဖြစ်နိုင်တာကိုမျှော်လင့်ရင်း ကြိုးစားနေတဲ့သူတစ်ယောက်စနစ်ဆိုးတစ်ခုကို တစ်ယောက်အားနဲ့တော်လှန်ဖို့ ကြိုးစားခဲ့တဲ့ ကျောင်းသားလေးတစ်ယောက်ရဲ့ တော်လှန်ခရီးကိုရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်ဒီဇာတ်လမ်းလေးကတော့ ၁၉၇၃ ခေတ်သစ်ထိုင်းနိုင်ငံရေးသမိုင်းက အကြီးဆုံးဆန္ဒပြပွဲကြီးကို ဦးဆောင်ခဲ့တဲ့ကျောင်းသားခေါင်းဆောင်တစ်ယောက်နဲ့ ဆန္ဒပြပွဲအပြီး တော်လှန်ရေးသမားဘဝကို လုံးလုံးလျားလျားခံယူလိုက်ပြီးချိန် သူ့ရဲ့ဘဝခရီးကြမ်း…တော်လှန်ရေးအင်အားစုတွေကြားက အယူဝါဒီကွဲပြားမှုတွေနဲ့စိတ်ဝမ်းကွဲမှုတွေ ပြည်ပရဲ့သက်ရောက်မှုတွေ၊ အဖွဲ့အစည်းတွေရဲ့ အကျင့်ပျက်ခြစားမှုတွေ…ကလောင်တံကနေ သေနတ်ကိုင်တဲ့အထိ အတူလိုက်ပါခဲ့တဲ့ချစ်ရသူနဲ့အတူ တော်လှန်ရေးသမားတစ်ယောက်ရဲ့ပေးဆပ်မှုတွေ စတေးခံမှုတွေနဲ့ဖယောင်းလမ်းမဟုတ်တဲ့ ခယောင်းလမ်းပေါ်က သူတို့တွေရဲ့ဘဝကို တစ်စွန်းတစ်စရိုက်ပြထားတာပဲဖြစ်ပါတယ်…