FHD
My Hero Academia: You're Next
၂၀၂၄ ခုနှစ် မနှစ် ၈ လပိုင်းကမှ ဂျပန်မှာ ရုံတင်ပြသခဲ့တဲ့ MHA ရုပ်ရှင်အသစ် ထွက်ရှိလို့လာခဲ့ပါပြီ။ဒီရုပ်ရှင်လေးကတော့ MHA S6 နဲ့ S7 ကြားမှာ ဖြစ်ပျက်သွားတဲ့ ပင်မဇာတ်လမ်းတစ်ခုပါပဲ။UA ကျောင်းက Class A တစ်သိုက် ထောင်ဖောက်ပြေးတဲ့သူတွေကို အပြိုင်အဆိုင်လိုက်ဖမ်းရင်း ဇာတ်လမ်းအစမှာ အလုပ်တွေများနေကြပါတယ်။အဲဒီမှာ ဝတ်စုံပြည့်ဝတ်ထားပြီး ကောင်မလေးတစ်ယောက်ပျောက်နေလို့ လိုက်ရှာနေတဲ့လူတစ်ပိုင်း စက်တစ်ပိုင်း ဆိုင်ကယ်နဲ့ ပဟေဠိလူတစ်ယောက်လည်း ရှိနေခဲ့တယ်၊သူ့ကိုထိမိရင် နှင်းဆီပန်းတွေပွင့်ပြီး ထူးထူးဆန်းဆန်း ဖြစ်သွားစေတဲ့ ကောင်မလေးလည်း ရှိနေတယ်။ဒီလို ရှုပ်ထွေးနေတုန်းမှာ အံ့သြစရာတစ်ခု ဖြစ်လာခဲ့ပါတယ်၊All Might လို ပုံစံကြီးနဲ့လူတစ်ယောက်ပေါ်လာခဲ့ပါတယ်။အနားယူသွားခဲ့တဲ့ All Might နေရာမှာ သူက ဆက်ခံမယ် သူက ငြိမ်းချမ်းရေးသင်္ကေတအသစ်ဆိုပြီးပလိန်းကြီးကြေငြာပြီး UA အဖွဲ့နဲ့ ထိပ်တိုက်တွေ့ကြတဲ့အခါမှာတော့Deku တို့ ဘော်ဒါတွေ ဘာဆက်ဖြစ်ပြီး ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ၊ဒီ All Might အတုကြီးကရော ဘယ်သူလဲ ရည်ရွယ်ချက်က ဘာလဲ၊ထူးဆန်းတဲ့ကောင်မလေးနဲ့ လိုက်ရှာနေတဲ့ စက်ရုပ်ဘဲကတော့ဘာတွေလဲ စသဖြင့်MHA ရိုးရာအတိုင်း မြိုင်မြိုင်ဆိုင်ဆိုင် တိုက်ပွဲတွေနဲ့ ခံစားရဦးမယ့် ဇာတ်ကားကောင်းလေးတစ်ကားပါလို့။