Abominable FHD

Abominable

Comedy Family Adventure Animation FHD 2019-09-19 7.461 97 Min

ဒီတစ်ခါတော့ CM ပရိသတ်ကြီးအတွက်ကာတွန်းကားအသစ်လေးကို တင်ဆက်ပေးချင်ပါတယ်။နာမည်ကျော် DreamWorks Studio ကနေ ဖန်တီးတင်ဆက်ထားတဲ့ဒီကားလေးနာမည်ကတော့ Abominable (2019)ပါ။Imdb Rating 7.1/10 Rotten Tomatoes 81%တောင်ရရှိထားတာမလို့Animation Movie ကောင်းလေးတွေကိုမျှော်လင့်နေတဲ့CM ပရိသတ်ကြီးအတွက် သတင်းကောင်းပါပဲ။ဇာတ်လမ်းအကျဉ်းလေးကိုလဲ အနည်းငယ်တင်ဆက်လိုပါသေးတယ်။ရှန်ဟိုင်းမြို့တစ်နေရာမှာလူချမ်းသာ စီးပွားရေးသမား မစ္စတာဘားနက်ကဟိုး ဟိမဝန္တာက နှင်းလူတစ်ကောင်ကို ဖမ်းဆီးရရှိထားပါတယ်။တစ်နေ့မှာတော့ လုံခြုံရေးကျိုးပေါက်ပြီးအဲဒီနှင်းလူကထွက်ပြေးကာယီဆိုတဲ့တရုတ်မလေးရဲ့အိမ်ခေါင်မိုးမှာ ပုန်းနေပါသတဲ့။ပုန်းနေတဲ့ နှင်းလူလေးကိုဝေးလံလှတဲ့ ဟိမဝန္တာဆီကိုပြန်လိုက်ပို့ဖို့ယီရယ် ပန်ဆိုတဲ့ကလေးလေးရယ် ဂျင်မ်ဆိုတဲ့ကောင်လေးရယ်အတူတူကြိုးစားအားထုတ်ပုံတွေကိုမြင်တွေ့ရမှာပါ။တစ်ဖက်မှာလဲသူတို့နောက်ကိုလိုက်နေတဲ့ သူတွေကလဲရှိနေပြန်တော့သူတို့ဘာတွေရင်ဆိုင်ရမလဲ?ဘယ်လိုတွေရင်ဆိုင်ဖြေရှင်းမလဲဆိုတာစိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးပါ။