မိသားစု/ဒရာမာ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်လိုက်ပါတယ်။ဖီရိုနာက နယူးယောက်မြို့မှာ တစ်သက်လုံး အကလူရွေးပွဲတွေ တစ်ခုပြီးတစ်ခု ဝင်အရွေးခံခဲ့ပေမဲ့ မအောင်မြင်တာကြောင့်သူ့ကိုယ်သူကံဆိုးတတ်သူတစ်ယောက်လို့ ခံယူထားတာပါ။တစ်ဖက်မှာလည်း ဖီရိုနာရဲ့အမေဟာ သူ့ရဲ့မိခင်အရင်း (MJ) ပို့ခဲ့တဲ့စာကို အကြောင်းမပြန်ခဲ့ဘဲ အမေအရင်းကိုတွေ့ချင်ပါရက်နဲ့ အပြောင်းအလဲကိုမဝံ့ရဲသူ..ဒါပေမဲ့ ဖီရိုနာရဲ့တိုက်တွန်းစကားကြောင့် သူတို့သားအမိ အိုင်ယာလန်နိုင်ငံကို ရှာပုံတော်ခရီးထွက်လာတဲ့အခါမှာတော့..