မင်းကိုဘာလို့ ဒီလောက်ထိချစ်မိသွားမှန်း ကိုယ်မသိပါဘူး။ကိုယ်က လယ်သမားတစ်ယောက်ပါ၊ အရာရာကို ဘုရားသခင်ရဲ့ လမ်းညွှန်မှုလို့ သက်ဝင်ယုံကြည်သူပါ၊ တစ်နေ့ကယ်လီဖိုးနီးယား မြို့ထဲအလာကိုယ့်ကိုဘုရားသခင်က အလင်းတစ်ပွင့်ဖန်ဆင်းပြ လိုက်သလို မင်းက ကိုယ့်မျက်စိရှေ့ရောက်လာတယ်၊ သိပ်လှတဲ့မိန်းကလေးမို့ မြင်မြင်ချင်း ချစ်မိသွားတယ်၊ နောက် သူများတွေပြောတာ မင်းကကြေးအမြင့်ဆုံး ပြည့်တန်ဆာတဲ့၊ ကိုယ်တောင်ဘုရားသခင်ကို စိတ်ကွက်မိသွားတယ်၊ ဒီလိုလမ်းမျိုးမှ ကိုယ့်ကိုလာပြရသလားပေါ့။ဒါပေမဲ့ ဘုရားသခင်ကလည်း အင်မတန်ခေါင်းမာတဲ့ပုံပဲအိန်ဂျယ်၊ ကိုယ့်မှာစားလည်းဒီစိတ်၊ သွားလည်းဒီစိတ် ရူးမတတ်ပါပဲ၊ ဒီလိုနဲ့မင်းနဲ့အတူရှိခွင့်ရမယ့် အချိန် မိနစ်၃၀ကို ပေါက်ဈေး၂ဆပေးဝယ်ခဲ့မိတယ်၊ ပျော်ပါးမလို့မဟုတ်ရပါဘူး၊ ဒီမိနစ် ၃၀ကို မင်းနဲ့.အတူစကားတွေပြောချင်လို့၊ကိုယ့်ခံစားချက်တွေ ရင်ဖွင့်ချင်လို့၊ မင်းကိုလက်ထပ်ခွင့်တောင်းချင်လို့ပါ။မင်းကိုယ့်ကိုအခါခါငြင်းလည်း ကိုယ့်ဘက်က ကလေးဆိုးကြီးလိုပူဆာခဲ့မိတယ်၊ ဒီလိုနဲ့တစ်နေ့ မင်းကို ငွေနဲ့ဝယ်ရဖို့ ဖြစ်လာတယ်ကိုယ့်ရဲ့ဇနီးမယားဖြစ်လာတယ်၊ မင်းထွက်ပြေးမယ် ပြောခဲ့သလိုအခါခါထွက်ပြေးခဲ့ပေမဲ့ ဘာကြောင့်လဲမသိပါဘူး မင်းကိုယ်တိုင်ငါ့ဆီပြန်ရောက်ရောက်လာတယ်၊ မင်းကကိုယ့်ရဲ့အိမ်သူသက်ထားဆိုပေမယ့်ကိုယ်စိတ်အလိုမလိုက်ခဲ့ပါဘူး၊ မင်းအဆင်သင့်ဖြစ်တဲ့အထိ ကိုယ်စောင့်နေပါ့မယ်၊ အချိန်ဘယ်လောက်ပဲကြာပါစေပေါ့၊တစ်နေ့တော့ကိုယ်ချစ်ခွင့်ရချင်ပါတယ်၊ နှစ်ယောက်သားကြည်ဖြူစွာနဲ့ပေါ့ အိန်ဂျယ်ရယ်။