Baapu - A Father's Story FHD

Baapu - A Father's Story

Unknown FHD 2025-03-07 8.3 112 Min

မြို့ပြဘ၀ရဲ့မွန်းကျပ်မှုတွေကနေ ခဏတာပြေပျောက်ချင်သူတွေအတွက် တေလဂူစကားပြောကျေးလက်ဒရာမာဇာတ်လမ်းသစ်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။လယ်သမားကြီးတစ်ယောက်ရဲ့ဘ၀နဲ့ ကျေးလက်လူနေမှုဘ၀ကို ရိုက်ကူးထားပြီးဖြစ်ရပ်မှန်ကိုအခြေခံထားတယ်လို့လည်း ဆိုပါတယ်။‌မာလေယာဟာ ဇနီးဖြစ်သူနဲ့အတူ မောင်တစ်ထမ်းမယ်တစ်ရွက် ရွာမှာလယ်လုပ်ရင်း ဘ၀ကိုရုန်းကန်နေတဲ့လယ်သမားတစ်ယောက်ပါ။ သူ့မှာ သုံးဘီးမောင်းတဲ့ သားဖြစ်သူနဲ့ ကျောင်းတက်နေတဲ့သမီးဖြစ်သူတို့အပြင် အမြဲရှက်ကီထုနေတဲ့ဖခင်အိုကြီးလည်း ရှိပါတယ်။လယ်ပိုင်ဖြစ်ပြီး အလုပ်ကြိုးစားပေမဲ့ မာလေယာရဲ့ဘ၀ဟာ အကြွေးပတ်လည်ဝိုင်းနေတာကြောင့်မလူးသာမလွန့်သာအခြေအနေပါပဲ။အကြွေးရှင်တွေရဲ့ဖိအားတင်မက သားကတစ်မျိုး သမီးကတစ်မျိုး ဒုက္ခလှလှလေးတွေကိုယ်စီပေးတတ်ကြပါသေးတယ်။ပိုဆိုးတာက သူ့လယ်ကထွက်တဲ့သီးနှံတွေအကြောင်းကြောင်းကြောင့်ဆုံးရှုံးသွားရတဲ့အခါမာလေယာတစ်ယောက် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ဖို့ ကြံစည်မိတဲ့အထိပါပဲ။အကောင်းနဲ့အဆိုးဒွန်တွဲနေတတ်တဲ့ ဘ၀ဆိုတာကလည်း ကောင်းတစ်ခါဆိုးတစ်လှည့်လာတတ်တာမို့ မာလေယာတစ်ယောက် ဘယ်လိုကံအလှည့်အပြောင်းတွေ တွေ့ရဦးမလဲ၊ဘယ်တော့များမှ ကံတရားကမျက်နှာသာပေးတာကို ခံရမလဲ၊သူတို့မိသားစု ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ဒရာမာများများ ဟာသပါးပါးနဲ့ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။