Your Name. FHD

Your Name.

Drama Romance Animation FHD 2016-08-26 8.487 106 Min

ဒီကားကတော့ မသိတဲ့သူမရှိသလောက်ကို ရှားပါလိမ့်မယ်…ကမ္ဘာအနှံ့အောင်မြင်မှုတွေရခဲ့ပြီးYour Name ကြောင့် Anime ပရိသတ် ဖြစ်လာကြတဲ့သူတွေဒုနဲ့ဒေးပါပဲ…ဒါပေမဲ့ အခုထိမကြည့်ရသေးတဲ့သူတွေ ရှိနေနိုင်သေးတာကြောင့် နည်းနည်းလောက် ပြန်ညွှန်းပါရစေ…ဇာတ်လမ်းအစမှာသဘာဝလွန်ဖြစ်ရပ်ဆန်းနဲ့ စတယ်…တိုကျိုမှာနေတဲ့ အထက်တန်းကျောင်းသားလေးတာချီဘာနာ တကိ နဲ့ အိတိုမိုရိ ဆိုတဲ့ နယ်မြို့လေးက မိယမိဇု မိဆုဟ ဆိုတဲ့ ကောင်မလေးတို့ဟာခန္ဓာကိုယ်ချင်းလဲသွားကြသတဲ့…အမှန်က ခန္ဓာကိုယ်လဲတယ်ဆိုတာထက် စိတ်ချင်းလဲသွားတယ်ဆို ပိုမှန်ပါတယ်…ဒါကို သူတို့တွေက အိပ်မက်လို့ ထင်နေကြပေမယ့်တကယ်ဖြစ်နေမှန်းသိတဲ့အခါမှာတော့သူတို့နှစ်ယောက်လုံး ဒီအဖြစ်ဆန်းကြီးကို အဖြေရှာဖို့ ကြိုးစားကြပါတော့တယ်..ဒါပေမဲ့ ပြသနာက ခန္ဓာကိုယ်ချင်း(စိတ်ချင်း)လဲတာတင်မဟုတ်ပဲသူတို့နှစ်ယောက်ရဲ့အချိန်တွေပါ လွဲနေတယ်ဆိုတာကို သိလိုက်ရတဲ့ အခါမှာတော့….ဒီအချိန်လွဲတယ်ဆိုတဲ့ကိစ္စကြီးက ကြည့်ရတာနည်းနည်းတော့ ရှုပ်နိုင်တယ်…မြင်အောင်ပြောပြရရင် အခုလက်ရှိပစ္စုပန်အချိန်နဲ့ဟိုးအရင်အတိတ်အချိန် နှစ်ခု ထိပ်တိုက်တွေ့တဲ့သဘောပါပဲ…ဒါကို ဇာတ်ကားထဲမှာ ပြန်ပြီးရှင်းပြထားတာကို တွေ့ရမှာပါ…ဒီလို ထူးဆန်းမှုတွေနဲ့ ဆွဲဆောင်ထားတဲ့ဒီဇာတ်ကားလေးကကျွန်တော်တို့ကို တစ်ခုပြောသွားသေးတယ်ခင်ဗျ“မှတ်ဉာဏ်တွေဟာ မေ့ပျောက်ဖို့လွယ်ပေမယ့်နှလုံးသားကတော့ အမြဲအမှတ်ရနေမှာပါ”ကျွန်တော်တို့ ဘဝမှာလည်းနှလုံးသားထောင့်တစ်နေရာကတစ်ယောက်သောသူဆိုတာမျိုး ရှိနေတုန်း ရှိနေနိုင်သေးတယ်မဟုတ်လား??ဦးနှောက်က မေ့သွား/မေ့ထား ပေမယ့်အဖြစ်အပျက်လေးတစ်ခုလောက်ကရင်ကိုလှိုက်ခနဲဖြစ်စေခဲ့တာမျိုးပေါ့…ဒီကားရဲ့ဇာတ်ဝင်တေးတွေကလည်း ကောင်းမွန်ပြီး လှပတဲ့အန်နီမေးရှင်း ပြကွက်တွေနဲ့ ဆွဲဆောင်ထားတာကို ခံစားရမှာပါ..ကဲအညွှန်းကလည်း နည်းနည်းရှည်သွားပြီမို့ဒီဇာတ်ကားလေးကို ကြည့်ရှုခံစားရင်း တစ်နေ့တာကို အရသာရှိရှိဖြတ်သန်းလိုက်ကြရအောင်(ဒါနဲ့ ဒီဇာတ်ကားထဲမှာ The Garden Of Words (2013) ဇာတ်ကားထဲကဆရာမ ယူကာရီ က cameo အနေနဲ့ပြန်လည်ပါဝင်ပါသေးတယ်..ဒါ့အပြင် အခု Your Name ထဲက ဇာတ်ကောင်တွေဖြစ်တဲ့တကိ..မိဆုဟ..ယော့ဆုဟ..တက်ရှီ..ဆယက တို့တတွေလည်းWeathering With You (2019) မှာ cameoအဖြစ်ပြန်လည်ပါဝင်ကြပါသေးတယ်..