Rising Boas in a Girl's School HD

Rising Boas in a Girl's School

ဒီတစ်ခါတော့ပရိသတ်ကြီးအတွက် Horror,Thrillerကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။မြို့အစွန်အဖျား တောင်ကုန်တွေကြားမှာလျှို့ဝှက်မြွေမွေးမြူတဲ့စခန်းတစ်ခုရှိပြီးတရားမဝင်ဟော်မုန်းဆေးတွေ တိုက်ကျွေးမွေးမြူထားတာကြောင့်မြွေတွေဟာတစ်ဖြည်းဖြည်းဗီဇပြောင်းလာပါတယ်။တစ်နေ့မှာတော့ မြွေတွေကလှောင်အိမ်ထဲကနေလွတ်မြောက်သွားပါတယ်။အနီးနားမှာရှိတဲ့ လေကြောင်းတက္ကသိုလ်ကလေယာဉ်မယ်ကောလိပ်ကျောင်းသူလေးတွေဟာကျောင်းဆင်းပွဲအခမ်းအနားအတွက်ပြင်ဆင်နေကြပါတယ်။အဲဒီအချိန်မှာအလွန်ကြီးမားတဲ့မြွေကြီးတစ်ကောင်နဲ့မြွေတွေရောက်လာပြီး လေယာဉ်မယ်လောင်းလေးတွေကိုအမဲဖျက်ပါတော့တယ်။လေယာဉ်မယ်လောင်းအချောအလှလေးတွေရဲ့သည်းထိပ်ရင်ဖိုပြေးလွားစွန့်စားတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာဖြစ်ပါတယ်။သူတို့လေးတွေမြွေကြီးရန်ကနေလွတ်မြောက်နိုင်ပါ့မလား။မိစ္ဆာမြွေကြီးနဲ့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာတော့အဆုံးထိဆက်ကြည့်လိုက်ပါနော်။