ဂျိန်းဆိုတဲ့ကောင်မလေးက ဘရန်နာလင်မယားရဲ့ တစ်ဦးတည်းသောသမီးလေးပါပဲ ကားအစမှာကတည်းက သူက အိမ်ကနေ ညဘက်ကြီးခိုးထွက်သွားလို့ သူ့အဖေ နဲ့ အမေက လိုက်ရှာကြရတာပါ သူကတော့ သူဌေးသားလေးတစ်ယောက်ရဲ့ ပါတီမှာ သွားကဲနေတာပေါ့ ကံဆိုးချင်တော့ သူ့ဖုန်းက Location နဲ့ သူ့အဖေအမေတွေလိုက်ရှာရကနေသူ့ကို မိသွားလို့ပြန်ခေါ်လာတာပါ အဲဒီလိုပြန်လာရင်းနဲ့ လမ်းမှာ သူတို့ရဲ့ ကားအရှေ့ကို ကားတစ်စီးကဖြတ်ဝင်လာလို့ သူ့အဖေက ဒေါသပေါ်ဒေါသဆင့်ရင်း တော်တာ်ပေါက်ကွဲခဲ့တာပေါ့ မထင်မှတ်ဘဲ ဖြတ်ဝင်တဲ့ကားကို ဆီဆိုင်မှာဆီဖြည့်ရင်းတွေ့လိုက်တာကနေ စကားများကြရင်း ဟိုကားရဲ့လူက သေနတ်နဲ့ချိန်တာကို လုရာကနေ သူ့မိန်းမသေသွားခဲ့တာပါ အဲဒီအချိန်မှာပဲ သူ့သမီးကလည်း Trauma ရပြီး နားမကြားနိုင် စကားမပြောနိုင်ဖြစ်သွားခဲ့တာပေါ့ ဒီလိုနဲ့တစ်နှစ်ကြာတော့