Sisterhood, Inc. HD

Sisterhood, Inc.

Drama Romance TV Movie HD 2025-02-22 5.7 85 Min

ဇာတ်လမ်းအကျဉ်းလေးကတော့ အလုပ်ကို ဦးစားပေးလွန်းတတ်တဲ့ မီဂန်နဲ့ ဘ၀မှာ အေးအေး‌ဆေးဆေးဖြတ်သန်းပြီး မာမားဂဲလ်ဖြစ်တဲ့သူ့ညီမ အစ်ဇီတို့အကြောင်းကို အဓိကဖော်ပြထားပါတယ်။ မီဂန်ဟာကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်တတ်ပြီး အမှီအခိုကင်းစွာနေတတ်ပေမယ့် အစ်ဇီကတော့ အဲ့လိုဟုတ်မနေပါဘူး။ အစ်ဇီ့အသက်ကလဲ 30 နီးပါးဖြစ်နေပြီးတော့ သူက သူ့အစ်မလိုမျိုးဖြစ်ချင်ပါတယ်ဆိုပြီးမီဂန့်ဆီမှာ အကူအညီသွားတောင်းပါတော့တယ်။မီဂန်ကလဲ ကုမ္ပဏီကနေ လတ်တလောကမှ အထုတ်ခံထားရတာဆိုတော့ အစ်ဇီ့ကို ဘယ်လို‌တွေပြောင်းလဲပေးမှာလဲ၊ သူတို့ထင်ထားသလိုရော အရာရာကအဆင်ပြေချောမွေ့သွားမှာလားဆိုတာကို ကြည့်ရှု့ရမှာပါ။ ဒီဇာတ်ကားလေးဟာ အမေနဲ့ သားသမီး၊ ညီအစ်မ၊ အလုပ်အကိုင် စသဖြင့် ထောင့်ပေါင်းစုံ အဖက်ဖက်ကနေ ရိုက်ကူးထားတာမို့လို့ကြည့်သင့်ကားလေးဖြစ်ပြီး၊ အကျိုးမယုတ်စေရပါဘူးလို့ အာမခံပါတယ်။