Secret: Untold Melody HD

Secret: Untold Melody

Drama Fantasy Music Romance HD 2025-01-27 6.5 104 Min

၂၀၀၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ ထိုင်ဝမ် ရုပ်ရှင် “Secret”ကို Remake အနေနဲ့ ပြန်လည်ဖန်တီးထားပြီး  Exo D.O, Won Jin-Ah နဲ့ Shin Ye Eun တို့ အဓိက ပါဝင်ထားတဲ့နူးနူးညံ့ညံ့ အချစ်ဇာတ်လမ်းလေး တစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ယူဂျွန်း (D.O)ကတော့ နိုင်ငံခြားမှာ စန္ဒရား ပြိုင်ပွဲဝင်ပြိုင်ရင်းကနေ လက်‌ကောက်ဝတ်ကျန်းမာရေး အခြေအနေကြောင့် ကိုရီးယားကို ပြန်လည် ရောက်ရှိလာခဲ့တဲ့သူပါ။ကိုရီးယားက ‌ဂီတ တက္ကသိုလ် တစ်ခုကို ရောက်ရှိလာတဲ့နေ့မှာပဲ ယူဂျောင်အာ (Won JinAh)ဆိုတဲ့ကောင်မလေးနဲ့ ဆုံတွေ့ခဲ့ရင်း ဂျောင်အာရဲ့ စန္ဒရား တီးသံကို သဘောကျသွားခဲ့ပြီးယူဂျွန်းနဲ့ ဂျောင်အာတို့ဟာ အတူသွား အတူလာ သူငယ်ချင်းတွေ ဖြစ်လာကြပါတယ်။သူငယ်ချင်း အဖြစ်ကနေခံစားချက်တွေ နက်ရှိုင်းလာခဲ့ပေမဲ့ သူတို့ကြားမှာ ဆန်းကြယ်တဲ့ဖြစ်ရပ်တစ်ခု တည်ရှိနေတယ်ဆိုတာကို ယူဂျွန်းက ရိပ်စားမိသွားတဲ့အခါမှာတော့..နက်ရှိုင်းလာတဲ့ ဒီ ချစ်ခြင်းရဲ့ နောက်ကွယ်မှာဘယ်လိုအရာတွေ တည်ရှိနေတာလဲ…သူတို့ရဲ့ ချစ်ခြင်းတွေ ပေါင်းစပ်နိုင်သွားမလားဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားပေးကြပါဦး။