၂၀၂၄ ခုနှစ်ကထွက်ရှိထားတဲ့ Joe Crist ကတော့ကောင်းဘွိုင်တွေရဲ့ Comedy ဇာတ်လမ်းအမျိုးအစားပဲဖြစ်ပါတယ်။တစ်ချိန်က မြို့ထဲကလူဆိုးတွေဖိန့်ဖိန့်တုန်အောင်ကြောက်ခဲ့ရတဲ့ ဆုငွေမုဆိုး Joe Crist ဟာ သုံးနှစ်ကြာအောင်ပျောက်ကွယ်သွားပြီးနောက်မှာ မြို့ကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်။မိတ်ဆွေဟောင်းဒဲလ်ကိုလာတွေ့ရင်းအရက်ဘားကစားပွဲထိုးမလေးမက်ဂီကိုလည်း ချစ်မိသွားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ Joe ကိုအမှတ်မထင်တွေ့လိုက်တဲ့အမျိုးသမီးတစ်ဉီးက သူ့သမီးလေးကိုရှာပေးဖို့ အကူအညီတောင်းခဲ့ပါတယ်။မြို့မှာခဏလောက်ဆက်နေဖို့ဆုံးဖြတ်လိုက်တဲ့ Joe ဟာ ဟိုတယ်အခန်းထဲဝင်ဝင်ချင်းမှာတင်လုပ်ကြံသတ်ဖြတ်ခံလိုက်ရပါတယ်။ပြောင်းချောသေနတ်ရဲ့အားကြောင့်ဟိုတယ်ခန်းထဲကနေတောင်လွင့်ထွက်သွားခဲ့တဲ့Joe ဟာ ထူးထူးဆန်းဆန်း အသက်မသေဘဲ ရက် ၄၀ ကြာလို့သတိပြန်ရလာချိန်မှာ ထူးခြားတဲ့အစွမ်းတွေတောင် ပိုင်ဆိုင်ထားတာကို သိလိုက်ရပါတော့တယ်လူသေကိုတောင်ပြန်ရှင်စေနိုင်တဲ့အစွမ်းတွေနဲ့ Joeတစ်ယောက် သူ့ကိုလုပ်ကြံခဲ့တဲ့မြို့ခံလူမိုက်ဂိုဏ်းကိုဘယ်လိုဖြိုခွင်းသွားမှာလဲ….ပျောက်ဆုံးနေတဲ့ကောင်မလေးတွေကို ရှာဖွေပေးနိုင်မှာလားသနားစရာကောင်းတဲ့ဒေသခံတွေကို ဘယ်လိုကယ်တင်ပေးမှာလဲဆိုတာ ပေါ့ပေါ့ပါးပါးဟာသတွေနဲ့အတူဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။