FHD
Stand by Me Doraemon
ဒိုရာမွန် လို့ပြောလိုက်ရင် အပြာရောင်ကြောင်ကာတွန်းရုပ်လေးကို ပြေးမြင်မိကြမှာပါ။ဒိုရာမွန်ဟာ ဂျပန်နိုင်ငံရဲ့ နာမည်ကျော် manga စီးရီးတစ်ခုလည်းဖြစ်ပါတယ်။ဒီ Stand by Me Doraemonကာတွန်းရုပ်ရှင်က 2014 ခုနှစ်မှာထွက်ခဲ့တာဖြစ်ပြီး38 ကြိမ်မြောက် ဂျပန်အကယ်ဒမီ ကာတွန်းရုပ်ရှင်ဆု ရရှိခဲ့တဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်။ကလေးတွေအတွက်သာမက လူကြီးတွေအတွက်ပါခံစားကြည့်ရှုလို့ရတဲ့ကာတွန်းကားဆိုလည်းမမှားပါဘူး။ ဒီကားမှာ ဒိုရာမွန် ဇာတ်လမ်းတွဲတွေရဲ့ အစလို့ပြောလို့ရတဲ့ ..အလွဲလွဲအချော်ချော်နဲ့ လူညံ့ လူပျင်းလေး နိုဘိတ ဆီကို ဒိုရာမွန်ရောက်လာရတဲ့အကြောင်းအရင်းကိုဇာတ်လမ်းတည်ထားပါတယ်။နိုဘိတက ကျန်တဲ့နေရာသာ သုံးစားမရပေမယ့် မေတ္တာတရားမှာတော့ခေသူမဟုတ် ဆိုတဲ့အထဲကပါ။ ဒီကားလေးထဲမှာ နိုဘိတရဲ့ခွက်ရှ် ရှီဇူကာအပေါ်ထားတဲ့မေတ္တာတရားတွေဒိုရာမွန်နဲ့ နိုဘိတကြားက သံယောဇဉ်တွေ၊ လူတစ်ဘက်သားကိုအနိုင်ကျင့်တတ်တဲ့ဂျီကြီးနဲ့ စနိတို့ရဲ့ အမူအကျင့်တွေနဲ့ ဇာတ်လမ်းဇာတ်အိမ်ဖွဲ့လိုက်တဲ့အခါမှာတော့ရယ်စရာလည်းပါ၊ ဝမ်းနည်းစရာလည်းပါ၊သနားစရာတွေလည်းပါတဲ့ကာတွန်းဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်လာခဲ့ပါတော့တယ်။ကြည့်ရကျိုးနပ်တဲ့ ကာတွန်းကားလေးဖြစ်သလိုဒိုရာမွန် ချစ်သူတွေအတွက်တော့လုံးဝလက်လွတ်မခံသင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်ခင်ဗျား။