ဒီဇာတ်ကားလေးဟာဆိုရင် ၁၉၄၈ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ တရုတ်ပြည်တွင်းတိုက်ပွဲ [ဟွိုင်ဟိုင်စစ်ပွဲ]ကို အခြေခံပြီး ရိုက်ကူးထားတဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)နဲ့ အမျိုးသားတော်လှန်ရေးတပ်မတော်(NRA)တို့ အပြန်အလှည်အကြိတ်အနယ်တိုက်ခိုက်ကြစဥ်အချိန်ကာလတစ်ခု…။ တစ်ချိန်ထဲမှာပဲ တပ်ရင်းမှူးကူဇီတိနဲ့ သူ့လက်အောက်မှာရှိတဲ့ တပ်သား ၄၆ ယောက်ဟာ ရှေ့တန်းကိုခုခံကာကွယ်တိုက်ခိုက်ဖို့အတွက် ဝမ့်မြစ်ကမ်းနံဘေးကို တာဝန်ပေးစေလွှတ်ခြင်းခံလာရပါတော့တယ်။ “တပ်သားတွေ တပ်ဆုတ်ဖို့အတွက် တပ်ပြန်လည်စုဝေးဖို့အချက်ပေး ခရာသံမမှုတ်သရွေ့ တိုက်ပွဲမှာ တစ်ဦးတစ်ယောက်ထဲကျန်ရစ်ခဲ့ရင်တောင်မှ ရှေ့ဆက်ပြီးတော့တိုက်ရမယ်”