ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျပြီးမှ ယောက်ျားဖြစ်သူဆုံးသွားတဲ့ မုဆိုးမတစ်ယောက်ရဲ့ ခံစားချက်ကို ပီပြင်အောင်ပုံဖော်ထားတဲ့ ကားလေးပါ… ရှေးယခင် အိန္ဒိယမှာက လင်သေသွားရင် မယားကို လင်နဲ့အတူမီးရှို့သတ်ပစ်တာ နောက်အိမ်ထောင်ပြုလို့မရတာ ဟိုဟာမစားရ ဒီဟာမစားရ ဟိုဟာရှောင်ရ ဒီဟာရှောင်ရနဲ့ စတဲ့ အယူသည်းမှုတွေရှိခဲ့တယ်… ဒီဂယက်က လွတ်လပ်ရေးမရခင် အစောပိုင်းကာလတွေအထိကို ရိုက်ခတ်လာခဲ့ပါတယ်.. ဘီနိုဒီနီဆိုတဲ့ လုံမပျိုလေးကတော့ အိမ်ထောင်ကျပြီး တစ်နှစ်အကြာမှာ ယောက်ျားဖြစ်သူဆုံးပါးသွားလို့ မုဆိုးဖြစ်ခဲ့ရပါတယ်..အရွယ်ကောင်းတုန်းမှာ လင်ယောက်ျားမရှိတဲ့အတွက် စိတ်ခံစားချက်ပေါင်းများစွာနဲ့ ခန္ဓာကိုယ်ရဲ့ လိုအင်ဆန္ဒတွေကိုမြိုသိပ်ထားခဲ့ရပါတယ်…