ဇာတ်လမ်းလေးကတော့ Disney ရဲ့ထုံးစံအတိုင်း အရောင်အသွေးစုံစုံလင်လင်နဲ့ ပေါ့ပေါ့ပါးပါးကြည့်ရှုခံစားလို့ကောင်းမယ့်ကားလေးပါ။ အသက် ၁၂နှစ်အရွယ် ဂျစ်တီးလေးတွေဖြစ်ကြတဲ့ Gilbert နဲ့ Marshall တို့နှစ်ယောက်က တစ်မြို့ထဲနေပြီး အတူတူကြီးပြင်းခဲ့ကြတဲ့အပြင် အိမ်နီးချင်းသူငယ်ချင်းတွေပါ။ သူငယ်ချင်းဆိုပေမယ့် နှစ်ယောက်က တကယ့်ကို အတွဲညီတဲ့ တောင်နဲ့မြောက်နှစ်ကောင်ပေါ့။ Marshall က မွန်းစတားတွေ၊ သရဲကားတွေလိုမျိုး ထိတ်လန့်သည်းဖိုခရေဇီဖြစ်ပြီး Gilbert ကတော့ သရဲကား၊ မွန်းစတား စတာတွေကို တုန်နေအောင်ကြောက်တတ်တဲ့ကောင်လေးပေါ့။