Vijay LLB the Advocate (2024) တရားမျှတမှုအတွက် မဆုတ်မနစ်သော တိုက်ပွဲမျက်စိတစ်မှိတ်အတွင်းမှာ ကျူတာကနေလူသတ်တရားခံအဖြစ်ရောက်သွားတဲ့ကံဆိုးသူဗန်ဒန် ကောလိပ်ဆရာတစ်ယောက်လုပ်နေပြီး ကျောင်းသားကိုသတ်လိုသေဒဏ်ကျခံခါနီးလူတစ်ယောက် သူ့ကို စွပ်စွဲထားတဲ့သက်သေတွေကတော့ လွတ်မြောက်ဖို လမ်းမမြင်တဲ့အထိခိုင်မာလွန်းနေပါတယ် အဖြစ်အပျက်တွေက မြန်ဆန်လွန်းပြီးနားလည်နိုင်ဖိုခဲယဉ်းတာကြောင့် ရေရေရာရာတောင်မပြောနိုင်တော့တဲ့ သနားဖွယ်လူတစ်ယောက်သူ့ဘေးမှာတော့ သူ့လိုပဲ တရားဥပဒေကို မြတ်နိုးတဲ့ ငယ်သူငယ်ချင်းရှေ့နေဗီဂျေးရှိပါတယ်ငယ်သူငယ်ချင်းရဲ့အပြစ်မဲ့ကြောင်းကိုသက်သေပြဖို ဗီဂျေးက မတရားမှုတွေနဲ့ ဖုံးလွှမ်းနေတဲ့လျှိဝှက်ကမ္ဘာထဲကို နက်နက်ရှိင်းရှိင်း တိုးဝင်ရဖိုအနေအထားဖြစ်လာတယ်ပေါ့အာဏာရဲ့ အရိပ်မည်းတွေ၊ ငွေကြေးရဲ့ လှည့်ကွက်တွေနဲ့ လိမ်လည်မှုတွေရဲ့ပိုက်ကွန်ကြားမှာ ဗီဂျေးတစ်ယောက် ဘယ်လိုရုန်းကန်မလဲ တရားမျှတမှုကိုဖော်ထုတ်ဖို သူ့ရဲ့ခရီးလမ်းဟာ ဘယ်လောက်အထိခက်ခဲပြီး အန္တရာယ်များမလဲသူ့ရဲ့ဆုံးဖြတ်ချက်တစ်ခုချင်းစီဟာ သူ့အသက်ကိုပါ ရန်ရှာလာနိုင်တဲ့အခါ…“Vijay LLB the Advocate” ဆိုတဲ့ရုပ်ရှင်က ကြည့်ရှုသူတွေကို ထိုင်ခုံမှာကပ်ထားစေမယ့် ရာဇဝတ်မှု ဇာတ်ကားကောင်းတစ်ကားပါ ရှေ့နေဗီဂျေးရဲ့မဆုတ်မနစ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ၊ တရားရုံးရဲ့ တင်းမာလှတဲ့ အခြေအနေတွေနဲ့မမျှော်လင့်ထားတဲ့ လှည့်ကွက်တွေက အဆုံးအထိ စိတ်လှုပ်ရှားစေမှာ အသေအချာပါပဲတရားမျှတမှုအတွက် အားလုံးကို စွန့်လွှတ်ပြီး တိုက်ပွဲဝင်မယ့် ရှေ့နေဗီဂျေးနဲ့အတူဒီခရီးလမ်းကို လိုက်ပါဖို အဆင်သင့်ဖြစ်ကြရင်တော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင်