Action thriller ကားသစ်လေးတစ်ကားတင်ပေးထားပါတယ်။ ဒီကားကတော့ အဲရိုးလိုပဲ လက်ရှိခေတ်မှာ မြားနဲ့ တိုက်ခိုက်တာမျိုးပါ။ Kate ဟာprofessional လေးသည်တော်တစ်ယောက်ပါ။ သူ့ရဲ့အိမ်ထောင်ရေးအဆင်မပြေဖြစ်မှုတွေကြောင့် စိတ်ဒုက္ခရောက်နေတာကိုပြေပျောက်အောင် အပန်းဖြေခရီးထွက်ရင်း အိမ်ထဲကို ရက်စက်ကြမ်းကြုတ်တဲ့ ဓားပြတွေ၀င်ရောက်လာပါတယ်။သူ့သမီးနဲ့ယောက်ျားဖြစ်သူတို့ကိုပြန်ပေးဆွဲသွားချိန်မှာတော့ ကိတ်တစ်ယောက် သူကျွမ်းကျင်တဲ့လေးပညာကိုအသုံးချပြီး ချစ်ရသူတွေကိုကယ်တင်ဖို့ ရုန်းကန်ကြိုးစားရပါတော့တယ်။