In the Wake FHD

In the Wake

Thriller FHD 2021-10-01 6.8 134 Min

၂၀၁၁ ငလျင်နဲ့ ဆူနာမီဖြစ်တဲ့အချိန်မှာ လူပေါင်းများစွာ ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရပြီး သေကြေပျက်စီးမှုတွေကလည်း များပြားခဲ့ပါတယ်။ ဒီအချိန်မှာ ဂျပန်အစိုးရကပေးတ​ဲ့ လူမှုဖူလုံရေးထောက်ပံ့ငွေကို ရမှရှင်သန်နိုင်မဲ့သူတွေလည်း အများကြီးရှိလာခဲ့ပါတယ်။ ငလျင်ဒုက္ခသည်ထဲမှာ တိုနဲ ရဆုဟိဆဆိုတဲ့လူငယ်၊ခေး တိုရှိမဆိုတဲ့ အဖွားနဲ့ ကန်ချန်လို့ခေါ်တဲ့ ကလေးမလေးလည်းပါခဲ့ပါတယ်။ တစ်ကောင်ကြွက်တွေဖြစ်ကျန်ခဲ့တဲ့သူတို့၃ယောက်က ကယ်ဆယ်ရေးစခန်းတစ်ခုတည်းမှာ နေရင်း မိသားစုအသစ်တစ်ခုလို သံယောဇဉ်တွယ်လာခဲ့ကြပါတယ်။ ဒါပေမဲ့ကိစ္စများစွာဖြစ်ပျက်ပြီးနောက် ၉နှစ်အကြာမှာတော့ တိုနဲက ထောင်ကနေလွတ်လာခဲ့ပါတယ်။ အဖွား ခေးတိုရှိမကတော့ သေဆုံးသွားခဲ့ပြီး ကန်ချန်ကတော့ အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်နေခဲ့ပါပြီ။ အဲဒီအချိန် ဝါကဘရပ်ကွက်မ​ှာ လူသတ်မှုတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။ လူမှုဖူလုံရေးအရာရှိ မိခုမိုကို တိုက်ခန်းတစ်ခုထဲမှာ ကြိုးတုပ်ပြီးသတ်ခံထားရတာပါ။ ပြင်ပဒဏ်ရာမရှိဘဲ တစ်ပတ်ကျော်ကြာအောင် ပစ်ထားခံရလို့ အစာငတ်ပြီးသေဆုံးသွားခဲ့တာပါ။ ရဲတွေလည်း အခင်းဖြစ်နေရာနဲ့ မိခုမိုအလုပ်ဖြစ်တဲ့ လူမှုဖူလုံရေးရုံးမှာ စစ်ဆေးကြပါတယ်။ ဒါပေမဲ့မကြာခင်မ​ှာ သေဆုံးပုံချင်း ဆင်တူတဲ့လူသတ်မှုတစ်ခုထပ်ပေါ်လာခဲ့ပါတယ်။ ဂျောနိုအိချိဆိုတဲ့ ဒုဥက္ကဌကို လူသူကင်းတဲ့နေရာမှာပစ်ထားပြီး အစာငတ်သေစေခဲ့တာပါ။