Summer Times FHD

Summer Times

Drama Music FHD 2024-07-17 5.6 101 Min

ဂီတလောကမှာ နာမည်ကြီးကျော်ကြားအောင်မြင်တဲ့ အဆိုတော်တွေတီးဝိုင်းတွေအကြောင်း ရုပ်ရှင်ရိုက်ကူးထားတာတွေကို တွေ့ဖူးကြမှာပါ။သူတို့နာမည်မကြီးခင်မအောင်မြင်ခင်ကာလတုန်းကဘယ်လိုရုန်းကန်ခဲ့ရတယ် ဘယ်လိုကြိုးစားခဲ့ရတယ်ဆိုတာတွေကိုအသေးစိတ်ကျကျ ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားမျိုးတွေဖြစ်ပြီး ပရိသတ်တွေအနေနဲ့ကလည်း သူတို့ Idol တွေရဲ့ ဘ၀ဇာတ်ကြောင်းတွေကို မြင်တွေ့ရတဲ့အတွက် အကြိုက်ပါပဲ။အခုတင်ဆက်ပေးမဲ့Musical Idol ကတော့ ဆွီဒင်ကGyllene Tider လို့ခေါ်တဲ့ Pop တီးဝိုင်းအဖွဲ့ပဲဖြစ်ပါတယ်။သူတို့ကလူငယ်ဘ၀မှာတင် ဆွီဒင်မှာဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့တီးဝိုင်းအဖွဲ့တစ်ခုဖြစ်ပြီး နယ်လှည့်ဖျော်ဖြေပွဲတွေမှာနိုင်ငံအဆင့်စံချိန်ချိုးနိုင်ခဲ့တဲ့အဖွဲ့ပဲဖြစ်ပါတယ်။မြန်မာနိုင်ငံကလူတွေဆိုရင်တော့ သိပ်ကြားဖူးကြမယ်မထင်ပေမဲ့နိုင်ငံတကာနဲ့ သူတို့နိုင်ငံမှာတော့ သူတို့တစ်ခေတ်တစ်ခါမှာအရမ်းအောင်မြင်ခဲ့ပြီး တက်သစ်စလူငယ်တီးဝိုင်းလေးတွေအတွက်စိတ်ခွန်အားဖြစ်စေမှာတော့အမှန်ပါပဲ။ဒီလိုသူတို့အကြောင်းတွေရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားလေးကိုတော့ Sommartider လို့နာမည်ပေးထားပြီး လက်ရှိIMDb Rating6.8 အထိရရှိတဲ့အတွက် သဘောကျသူတွေများတယ်လို့လည်းပြောလို့ရပါတယ်။ဒီ Gyllene Tider ဆိုတဲ့တီးဝိုင်းဖြစ်လာအောင် စတင်တည်ထောင်ခဲ့တဲ့သူကတော့ ပါဟာကန်ဂက်စလေဖြစ်ပြီးသူကစစချင်းမှာတော့ လူကြောက်တတ်တဲ့ အသင်းအဖွဲ့နဲ့မနေတတ်တဲ့နေရာအကျယ်ကြီးတွေကြောက်တဲ့ ရောဂါသည်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ဒါပေမယ့် ဂီတကတော့သူ့ရဲ့ရူးသွပ်စွဲလမ်းနေတဲ့ဝါသနာဖြစ်ပြီး အဲ့ဒီခေတ်မှာထွက်ထားတဲ့ သီချင်းဓာတ်ပြားတော်တော်များများ သူ့ဆီမှာရှိတဲ့အပြင် သူ့ခေါင်းထဲမှာလည်းသီချင်းတွေအပြည့်ပါပဲ။ဒီလိုနဲ့တစ်ရက်မှာတော့သူ့ကျောင်းကတီးဝိုင်းအဖွဲ့ကိုတွေ့သွားခဲ့ပြီး ကိုယ်ပိုင်တီးဝိုင်းထောင်ချင်တဲ့စိတ်တွေတဖွားဖွားဖြစ်လာပါတော့တယ်။အဲ့ဒီအခါမှာတော့ သူ့အရည်အချင်းကိုမြင်တဲ့ ကျောင်းတီး၀ိုင်းအဖွဲ့ကသူငယ်ချင်းတစ်ယောက်နဲ့ တခြားသောတီးဝီုင်းအဖွဲ့ဝင်တွေကိုလိုက်လံစုဆောင်းပြီး ဂီတကိုကြိုက်နှစ်သက်တဲ့လူငယ်လေးတွေစုစည်းမိရာကနေ ဆွီဒင်မှာ အရမ်းအောင်မြင်ခဲ့တဲ့တီးဝိုင်းအဖွဲ့တစ်ခုဘယ်လိုဖြစ်လာခဲ့တယ်ဆိုတာတွေကို ရှုစားရမှာပဲဖြစ်ပါတယ်။