အချစ်ကြီးရင်အမျက်ကြီးတယ်ဆိုတဲ့စကားအတိုင်းပဲအချစ်ကြီးလွန်းလို့ အမျက်ကြီးလွန်းတဲ့ မမတစ်ယောက်ရဲ့ဘ၀အကြောင်းကို ရသပေါင်းစုံ ခံစားချက်ပေါင်းစုံရှုထောင့်ပေါင်းစုံနဲ့ရိုက်ကူးပုံဖော်ထားတဲ့သည်းထိပ်ရင်ဖိုဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ She’s Obsessed with My Husbandဖြစ်ပြီး လက်ရှိ IMDb Rating 5.2 အထိရရှိထားပါတယ်။ဇာတ်ကားနာမည်အတိုင်းပဲအချစ်ကြီးတဲ့မမက တခြားသူတစ်ယောက်ရဲ့ခင်ပွန်းယောက်ျားဖြစ်သူကိုစွဲလမ်းနေတဲ့အကြောင်းကိုတွေ့ရမှာဖြစ်ပါတယ်။အဲ့ဒီမမရဲ့နာမည်ကတော့ဗိုင်အိုလက်ဖြစ်ပြီးသူ့စွဲလမ်းနေတဲ့လူကတော့အထက်တန်းကျောင်းတုန်းကသူနဲ့တွဲခဲ့ဖူးတဲ့ ဂဲရက်ဆိုတဲ့လူပဲဖြစ်ပါတယ်။ယောက်ျားရပြီး ၁၅ နှစ်ပြည့်နှစ်ပတ်လည်ရောက်တာတောင်သူတို့အထက်တန်းကျောင်းတုန်းကရိုက်ခဲ့ဖူးတဲ့ဓာတ်ပုံလေးကိုထုတ်ကြည့်ပြီး ကြေကွဲနေဆဲမလို့ ယောက်ျားဖြစ်သူနဲ့ရန်ဖြစ်ပြီးကွာရှင်းခဲ့လိုက်ရပါတော့တယ်။ဒီလိုနဲ့သူအိမ်ပြောင်းလာခဲ့ပြီးဖြစ်ချင်တော့သူပြောင်းလာတဲ့အိမ်ဘေးကအိမ်က သူ့အချစ်ဆုံးအချစ်ဟောင်းလေး ဂဲရက်ရဲ့အိမ်ဖြစ်နေခဲ့ပါတော့တယ်။ဂဲရက်ကတော့ လက်ရှိမှာ ၁၈ နှစ်ကြာလက်ထပ်ထားတဲ့ဇနီးနဲ့သမီးလေးတစ်ယောက်ရှိနေခဲ့ပြီးသာယာတဲ့မိသားစုဘ၀လေးကိုပိုင်ဆိုင်ထားပါတယ်။အဲ့ဒီအခါမှာဗိုင်အိုလက်က ဒီလိုမျိုးရတောင့်ရခဲအခွင့်အရေးကိုကောင်းကောင်းအသုံးချပြီးဂဲရက်ရဲ့မိန်းမနေရာမှာသူ့ကိုယ်သူအစားထိုးဖို့ကြိုးစားတဲ့အခါမှာတော့ ဂဲရက်တို့မိသားစုထဲမှာဘယ်လိုအရာတွေဆက်ဖြစ်လာမလဲဗိုင်အိုလက်ကရောသူလိုချင်နေတဲ့ဂဲရက်ရဲ့အချစ်ကိုရသွားပါ့မလားဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ရှုစားရဦးမှာပဲဖြစ်ပါတယ်။